နေ့စဥ်သတင်း

ကယန်းအမျိုးသားတပ်မတော်က ရှမ်းတောင်-ကရင်နီနယ်စပ်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပြီ

မဲခေါင် 16 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၆ ကယန်းအမျိုးသားတပ်မတော်(KNA)က ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်၊ ဖယ်ခုံဒေသက တိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ KNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ မိုးဗြဲမှာ မိုးဗြဲ PDF၊ ဒီးမော့ဆို PDF၊ KND နဲ့အတူ KNAက ပူးပေါင်းတိုက်ပွဲဝင်နေသလို ဖယ်ခုံဘက်မှာလည်း ဖယ်ခုံ PDF၊ အင်းလေး PDF၊ KNDFတပ်ဖွဲ့တွေနဲ့အတူ KNA က ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတာလည်း ရှိတယ်လို့ သိရပါတယ်။ “အရင်ကတည်းက ပါဝင်လုပ်ဆောင်နေတာတွေတော့ ရှိခဲ့တယ်။ ဒါပေမယ့် KNA နာမည်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့။ အခုကတော့ KNA အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပြီးတော့ တိုက်ပွဲတွေမှာ

မဲခေါင်၊ နိုဝင်ဘာ ၁၆

ကယန်းအမျိုးသားတပ်မတော်(KNA)က ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်၊ ဖယ်ခုံဒေသက တိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ KNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မိုးဗြဲမှာ မိုးဗြဲ PDF၊ ဒီးမော့ဆို PDF၊ KND နဲ့အတူ KNAက ပူးပေါင်းတိုက်ပွဲဝင်နေသလို ဖယ်ခုံဘက်မှာလည်း ဖယ်ခုံ PDF၊ အင်းလေး PDF၊ KNDFတပ်ဖွဲ့တွေနဲ့အတူ KNA က ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတာလည်း ရှိတယ်လို့ သိရပါတယ်။

“အရင်ကတည်းက ပါဝင်လုပ်ဆောင်နေတာတွေတော့ ရှိခဲ့တယ်။ ဒါပေမယ့် KNA နာမည်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့။ အခုကတော့ KNA အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပြီးတော့ တိုက်ပွဲတွေမှာ ပါဝင်နေပြီလို့ အသိပေးချင်ပါတယ်” လို့ ခွန်းဆောင်ဒူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီက ပင်လောင်း-ဖယ်ခုံလမ်းကို ဒေသခံတွေ သွားလာဖြတ်သန်းခွင့်ပိတ်ပင်ကာ ပင်လောင်းကနေ ဖယ်ခုံကို အင်အား ၅၀၀ ခန့် စစ်ကူပို့ဆောင်နေသလို ဖယ်ခုံကနေ မိုးဗြဲကိုဆင်းဖို့ စစ်ကြောင်း လှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နဲ့ ကယန်းဒေသတွေရှိ ပြန့်ကြဲနေတဲ့ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစုပြီးကယန်းအမျိုးသား တပ်မတော်(KNA)ကို အောက်တိုဘာလ ၂၉ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်သလို လက်ရှိမှာတော့ တိုက်ပွဲတွေမှာ ပါဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားတပ်မတော်(KNA)အနေနဲ့ လူမျိုးတမျိုး၊ အစုအဖွဲ့တခုအတွက် တိုက်ခိုက်ဖို့ရည်ရွယ်ပြီးတော့ ဖွဲ့စည်းလိုက်တာမဟုတ်ဘဲ ညီညွတ်ရေးနဲ့ ပေါင်းစည်းရေးမူကိုပဲ ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပြီး ကယန်းဒေသအတွင်းရှိ တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် ဖွဲ့စည်းကာ စုပေါင်းဦးဆောင်မှုနဲ့ ချီတက်သွားမှာဖြစ်တယ်လို့လည်း ခွန်းဆောင်းဒူက ဆိုပါတယ်။

ဓာတ်ပုံ-KNA
CJ-003
#MekongNews
#KNA
#တော်လှန်ရေးနဲ့ပူးပေါင်း
#ရှမ်းတောင်
#ကရင်နီအစပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now