နေ့စဥ်သတင်း

ဖယ်ခုံမြိုနယ်အတွင်း ဒေသခံ ၂၀၀ ဝန်းကျင် စစ်ကောင်စီ ဖမ်းဆီး

မဲခေါင် 13 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ-၁၃ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မြောက်ဘက်ခြမ်းက ပူချယ်ရွာမှာ စပါးရိတ်သိမ်းနေသူတွေနဲ့ စစ်ရှောင်တွေကို နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီက စစ်ကား ခုနှစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။ KNDFရဲ့ ထုတ်ပြန်ချက်မှာတော့ လယ်ရိတ်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဖေါ်ပြထားပါတယ်။ လယ်ရိတ် ပြည်သူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားပြီး ပင်လောင်း ဘောလုံးကွင်းထဲမှာ စုစည်းထားရှိတယ်လို့ KNDF ထုတ်ပြန်ပါတယ်။ မဲခေါင်စုံစမ်းသိရှိချက်အရ ဖမ်းဆီးခံရသူ အမျိုးသမီး၊ အမျိုးသားတွေကို ပူချယ်ရွာဘုန်းကြီးကျောင်းမှာ စုစည်းထားပြီး စစ်ကားနဲ့ လာခေါ်သွားတယ်လို့ သိရတာပါ။ စစ်ကောင်စီတပ်တွေက ပင်လောင်း-ဖယ်ခုံကြားမှာရှိတဲ့

မဲခေါင်၊ နိုဝင်ဘာ-၁၃

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မြောက်ဘက်ခြမ်းက ပူချယ်ရွာမှာ စပါးရိတ်သိမ်းနေသူတွေနဲ့ စစ်ရှောင်တွေကို နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီက စစ်ကား ခုနှစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။

KNDFရဲ့ ထုတ်ပြန်ချက်မှာတော့ လယ်ရိတ်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဖေါ်ပြထားပါတယ်။

လယ်ရိတ် ပြည်သူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားပြီး ပင်လောင်း ဘောလုံးကွင်းထဲမှာ စုစည်းထားရှိတယ်လို့ KNDF ထုတ်ပြန်ပါတယ်။

မဲခေါင်စုံစမ်းသိရှိချက်အရ ဖမ်းဆီးခံရသူ အမျိုးသမီး၊ အမျိုးသားတွေကို ပူချယ်ရွာဘုန်းကြီးကျောင်းမှာ စုစည်းထားပြီး စစ်ကားနဲ့ လာခေါ်သွားတယ်လို့ သိရတာပါ။

စစ်ကောင်စီတပ်တွေက ပင်လောင်း-ဖယ်ခုံကြားမှာရှိတဲ့ နန့်ဖာမူ၊ ပင်စုံ၊ လွယ်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လယ်တွေရိတ်သိမ်းတာ၊ တန်ဖိုးကြီးပစ္စည်း ခိုးယူတာတွေကို ပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်ကလည်း ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာအစွန်နားက အသက် ၁၈ နှစ်ကနေ ၄၀ ကြားရှိတဲ့ အမျိုးသားတွေကို နေရပ်ပြန်နေဖို့ ဖိအားပေးပြီး ၁၀ ရက်‌နေ့က ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းခိုင်းဖို့ သင်တန်းပေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

စစ်ကောင်စီတပ်က အသက်အလတ်ပိုင်း အမျိုးသားတွေကို ပေါ်တာဆွဲနေပြီး စစ်ကြောင်းထိုးရာလမ်းတလျှောက်နဲ့ စစ်ဖြစ်ပွားရာဒေသက ပြည်သူတချို့ကို သတ်ဖြတ်တာတွေကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်နေပေမယ့် အင်တာနက်အခက်အခဲကြောင့် ဘယ်နှယောက်သတ်ဖြတ်ခံရလဲ အတိအကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

CJ-004
#MekongNews
#ဖယ်ခုံမြို့နယ်
#ပူချယ်ရွာ
#ဒေသခံ၂၀၀ဝန်းကျင်
#စစ်ကောင်စီဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now