မဲခေါင်၊ နိုဝင်ဘာ ၁၃
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာလ ၉ ရက်နေ့၊ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းကို အမှတ်စဥ်(က)နဲ့ (ခ)အနေနဲ့ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနဲ့ ရှေ့တန်းတိုက်ခိုက်ရေး ကျွမ်း ကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ၃လကျော်ကြာ သင် ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ ၁၀၀၀ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ နိုဝင်ဘာ ၁၁ ရက်မှာအမျိုးသမီး စစ်သင်တန်းအပတ်စဥ် ၆၆ (ဂ) ဆင်းပွဲကို သင်တန်းသူ ၂၀၀ ဦးရေ ဝန်းကျင်နဲ့ပြုလုပ်ခဲ့ပြီး သင်တန်းဆင်း အမျိုးသမီးစစ်မေတွေကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာ အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနဲ့ ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နဲ့ စစ်ဦးစီးချုပ်ရုံးတွေမှာ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ အခြေခံစစ်သင်တန်း အပတ်စဥ်၆၅မှာလည်း သင်တန်းသူ/သား ဦးရေ ၁၀၀၀ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA ဟာ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်း ပိုက်ရရှိထားတဲ့ မြို့နယ် ၁၂မြို့မှာ အရပ်ဘက်အုပ်ချုပ်ရေးဖော်ဆောင်နေသလို နောင်ချိုက တောင်ခမ်းရရှိဖို့ တိုက်ပွဲဝင်နေကာ လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်တွေနေပါတယ်။
MK-012
#MeKongNews
#တိုက်ခိုက်ရေး
#သင်တန်းဆင်း
#တအာင်း
#ပလောင်
#တစ်ထောင်ကျော်

















