နေ့စဥ်သတင်း

လွိုင်ကော်မှာ ပြန်လည်နေထိုင်တဲ့ အမျိုးသားတွေကို ပြည်သူ့စစ်အနေနဲ့ စစ်ကောင်စီစုဆောင်းနေ

မဲခေါင် 8 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ-၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေထဲက အမျိုးသားတွေကို ပြည်သူ့စစ်အနေနဲ့ စစ်ကောင်စီက အောက်တိုဘာဒုတိယအပတ်ကစပြီး စုဆောင်းနေတယ်လို့ ဒေသခံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ကြသူတွေက အသက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေ၊ အိမ်ထောင်သည်တွေလောက်ပဲ ပြန်လည်နေထိုင်တာတွေရှိပြီး အသက်အလတ်ပိုင်း လူငယ် လူရွယ်တွေကတော့ တခြားနေရာတွေမှာပဲ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။ “လွိုင်ကော်မှာ နဂိုကတည်းက စစ်တပ်ကိုထောက်ခံသူတွေကျန်တယ်ပေါ့နော်၊ အဲ့လူတွေနဲ့ပဲ ပြည်သူ့စစ်မှုထမ်းဖွဲ့မယ်လို့ကြားတယ်၊ ခုက ၅၀ နဲ့ ၁၀၀ ကြားရှိမယ်လို့ ခန့်မှန်းရတယ်၊ ၁၁၁၁ ဖြစ်ကတည်းက သူတို့က ကျန်နေတာတွေရှိတယ်၊ ဒါပေမယ့် မသင်္ကာတဲ့သူတွေကို ဖမ်းပြီး စစ်မှုထမ်းခိုင်းတာလည်း ရှိတယ်လို့ကြားတယ်”လို့ ဒေသခံနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်က လွိုင်ကော်မြို့ရဲ့

မဲခေါင်၊ နိုဝင်ဘာ-၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေထဲက အမျိုးသားတွေကို ပြည်သူ့စစ်အနေနဲ့ စစ်ကောင်စီက အောက်တိုဘာဒုတိယအပတ်ကစပြီး စုဆောင်းနေတယ်လို့ ဒေသခံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ကြသူတွေက အသက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေ၊ အိမ်ထောင်သည်တွေလောက်ပဲ ပြန်လည်နေထိုင်တာတွေရှိပြီး အသက်အလတ်ပိုင်း လူငယ် လူရွယ်တွေကတော့ တခြားနေရာတွေမှာပဲ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မှာ နဂိုကတည်းက စစ်တပ်ကိုထောက်ခံသူတွေကျန်တယ်ပေါ့နော်၊ အဲ့လူတွေနဲ့ပဲ ပြည်သူ့စစ်မှုထမ်းဖွဲ့မယ်လို့ကြားတယ်၊ ခုက ၅၀ နဲ့ ၁၀၀ ကြားရှိမယ်လို့ ခန့်မှန်းရတယ်၊ ၁၁၁၁ ဖြစ်ကတည်းက သူတို့က ကျန်နေတာတွေရှိတယ်၊ ဒါပေမယ့် မသင်္ကာတဲ့သူတွေကို ဖမ်းပြီး စစ်မှုထမ်းခိုင်းတာလည်း ရှိတယ်လို့ကြားတယ်”လို့ ဒေသခံနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တော်တော်များများကို ပြန်လည်နေရာယူထားပြီး ရပ်ကွက်လုံခြုံရေးနဲ့ မြို့ပြင်စစ်ဆေးဂိတ်တွေမှာ ပြည်သူ့စစ်တွေကို စောင့်ကြည့်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

“အခု လွိုင်ကော်မှာက ယောကျာ်းသားတွေက သိပ်မနေကြတော့ဘူး၊ လူငယ်တွေ သိပ်မရှိဘူး၊ ဒါပေမယ့် တောင်ကြီးနဲ့ လွိုင်ကော်သွားတဲ့လမ်း ဆောင်းပြောင်း ဂျာမနီလမ်းမှာတော့ ပျောက်သွားတဲ့သူတွေရှိတယ်၊ ဘယ်နှယောက်လဲ အတိအကျတော့ မသိရဘူး၊ ပေါ်တာက ပျောက်ကြားဆွဲသလိုပေါ့” လို့ ဒေသခံနဲ့ နီးစပ်သူနောက်တယောက်က ပြောပါတယ်။

ပန်ကန်း၊ ၆ မိုင်၊ ထူဒူငံသ၊ ရွာတန်းရှည်၊ ဒေါဆန်းဘွန်းစတဲ့ မြို့အပြင်နားက ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ ပြည်သူတွေကို အသက်အရွယ်အလိုက် အသက် ၃၅ ကနေ ၅၀ အတွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို သတင်းပေးခိုင်းတာတွေနဲ့ အသက် ၅၀ အထက်တွေကို ကင်းစောင့်ခိုင်းထားတွေ ပြုလုပ်ခိုင်းတာရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့အနီးတဝိုက်နဲ့ ရှမ်းပြည်နယ်အစပ်တွေမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားပြီး ဒေသတွင်း စစ်ကောင်စီယန္တရားလည်ပတ်အောင်လို့ တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ပြင်ဆင်တာတွေပြုလုပ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now