နေ့စဥ်သတင်း

ဒေသခံတွေမရှိတဲ့ လွိုင်ကော်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးပမ်းနေ

မဲခေါင် 18 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၈ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရှိတဲ့ တက္ကသိုလ်တွေကို ပြန်ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်ဖက်က အောက်တိုဘာလ ဒုတိယအပတ်ကစပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့ရဲ့ နောင်ယား၊ ချိကယ်၊ ဒေါဥခူ၊ ဘာဒို၊ နာနတ်တော၊ ထေးငှားလျား ရပ်ကွက်တွေကို ခုလက်ရှိအချိန်အထိ ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ ကျန်တဲ့ရပ်ကွက်တွေမှာလည်း နေအိမ်တွေ စစ်ကောင်ရဲ့လက်ချက်ကြောင့် မီးလောင်ပျက်စီးကုန်ပြီး ရှမ်းပိုင်း၊ ဒေါနိုးကူး၊ မင်းစုနဲ့ တချို့ရပ်ကွက်တွေလောက်သာ ပြည်သူပြန်လည်နေထိုင်တာတွေရှိတယ်လို့ သိရပါတယ်။ “တက္ကသိုလ် သွားဖို့ဆိုတာက နောင်ယားနဲ့ ဒေါဥခူကို လမ်းတွေဖွင့် လူတွေနေမှပဲ သွားလို့ရမှာ။ လေပေါ်ကနေလည်း သွားလို့မရဘူး။ နောက်ဖက်ပတ်ဝန်းကျင်ဆို ဘာဒိုရှိမယ်၊ ထေးငှားလျားရှိမယ်။ အယ့်ဖက်လဲ ပြည်သူတယောက်မှ မရှိဘူး”လို့ ဒေသခံ

မဲခေါင်၊ အောက်တိုဘာ ၁၈

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရှိတဲ့ တက္ကသိုလ်တွေကို ပြန်ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်ဖက်က အောက်တိုဘာလ ဒုတိယအပတ်ကစပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့ရဲ့ နောင်ယား၊ ချိကယ်၊ ဒေါဥခူ၊ ဘာဒို၊ နာနတ်တော၊ ထေးငှားလျား ရပ်ကွက်တွေကို ခုလက်ရှိအချိန်အထိ ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ ကျန်တဲ့ရပ်ကွက်တွေမှာလည်း နေအိမ်တွေ စစ်ကောင်ရဲ့လက်ချက်ကြောင့် မီးလောင်ပျက်စီးကုန်ပြီး ရှမ်းပိုင်း၊ ဒေါနိုးကူး၊ မင်းစုနဲ့ တချို့ရပ်ကွက်တွေလောက်သာ ပြည်သူပြန်လည်နေထိုင်တာတွေရှိတယ်လို့ သိရပါတယ်။

“တက္ကသိုလ် သွားဖို့ဆိုတာက နောင်ယားနဲ့ ဒေါဥခူကို လမ်းတွေဖွင့် လူတွေနေမှပဲ သွားလို့ရမှာ။ လေပေါ်ကနေလည်း သွားလို့မရဘူး။ နောက်ဖက်ပတ်ဝန်းကျင်ဆို ဘာဒိုရှိမယ်၊ ထေးငှားလျားရှိမယ်။ အယ့်ဖက်လဲ ပြည်သူတယောက်မှ မရှိဘူး”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို လာပြီးတဲ့နောက် တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့တာရှိပြီး နိုဝင်ဘာလထဲမှာ ပြန်ဖွင့်ဖို့လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဆရာ၊ ဆရာမတွေကိုလည်း မဖြစ်မနေ ဖိအားပေးခေါ်ယူတာတွေလည်းရှိနေပြီး တက္တသိုလ်၊ ကောလိပ်နဲ့ သိပ္ပံကျောင်းတွေကို ဖွင့်နိုင်ဖို့အတွက် သန့်ရှင်းရေးပြုလုပ်တာတွေရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့က တည်ငြိမ်အေးချမ်းနေတဲ့ နေရာဒေသ မဟုတ်သေးဘဲ စစ်ကောင်စီတပ်က နယ်မြေအေးချမ်းသယောင်ပြနိုင်ဖို့အတွက် အခုလိုပြင်ဆင်တာလို့ ပြောဆိုနေကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မှာလည်း ယတြာချေတဲ့အနေနဲ့ လွိုင်ကော်မြို့ဝင်ဆိုင်းဘုတ်ကို အနီရောင်ကနေ အပြာရောင် ပြောင်းလဲသုတ်ထားခဲ့ပါသေးတယ်။

Cj-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now