နေ့စဥ်သတင်း

တောင်ကြီးမှာ အရပ်သားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

မဲခေါင် 17 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာ ရပ်ကွက်နေ အမျိုးသားတွေကို စစ်ကောင်စီက အလှည့်ကျ ကင်းစောင့်ခိုင်းထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စဝ်စံထွန်ဈေး အနီးရှိ ညောင်ဖြူစခန်းရပ်ကွက်ရုံးကို သီတင်းကျွတ်ကာလအတွင်း တစ်အိမ် တစ်ယောက်နှုန်းနဲ့ ၂ ယောက်တစ်တွဲ ညတိုင်း အလှည့်ကျကင်းစောင့်ခိုင်းထားပြီး လက်နက်တွေလည်း ကိုင်ဆောင်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ “အဲမှာ ဘာရှိလဲ မသိဘူး။ သန်းခေါင်စာရင်း ကောက်ထားတာတို့ ဘာတို့တော့ ရှိနိုင်တယ်။ ဘယ်သူမှ ဝင်ထွက်နေတာတော့ မတွေ့ဘူး။ လုံခြုံရေး သဘောဆိုပေမယ့် UG တွေက ပျူစောထီးထင်ပြီး လှမ်းပစ်မှာ ကြောက်ရတယ်” လို့ လှည့်ကင်းအလှည့်ကျသူ တစ်ဦးက ပြောပါတယ်။ ကင်းစောင့်ရသူတွေထဲမှာ

မဲခေါင်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာ ရပ်ကွက်နေ အမျိုးသားတွေကို စစ်ကောင်စီက အလှည့်ကျ ကင်းစောင့်ခိုင်းထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စဝ်စံထွန်ဈေး အနီးရှိ ညောင်ဖြူစခန်းရပ်ကွက်ရုံးကို သီတင်းကျွတ်ကာလအတွင်း တစ်အိမ် တစ်ယောက်နှုန်းနဲ့ ၂ ယောက်တစ်တွဲ ညတိုင်း အလှည့်ကျကင်းစောင့်ခိုင်းထားပြီး လက်နက်တွေလည်း ကိုင်ဆောင်ခွင့် မပေးဘူးလို့ ဆိုပါတယ်။

“အဲမှာ ဘာရှိလဲ မသိဘူး။ သန်းခေါင်စာရင်း ကောက်ထားတာတို့ ဘာတို့တော့ ရှိနိုင်တယ်။ ဘယ်သူမှ ဝင်ထွက်နေတာတော့ မတွေ့ဘူး။ လုံခြုံရေး သဘောဆိုပေမယ့် UG တွေက ပျူစောထီးထင်ပြီး လှမ်းပစ်မှာ ကြောက်ရတယ်” လို့ လှည့်ကင်းအလှည့်ကျသူ တစ်ဦးက ပြောပါတယ်။

ကင်းစောင့်ရသူတွေထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်းလာသူတွေ မပါဝင်ကြသလို လက်နက်ကိုင်ဆောင်ခွင့်ရထားတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေလည်း မပါဝင်ဘဲ အရပ်သား ၂ ဦးကိုသာ တာဝန်ပေးထားတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

ကင်းစောင့်ရတဲ့ အချိန်ဟာ ည ၉ နာရီကနေ နောက်ရက်မနက် ၉ နာရီအထိဖြစ်ပြီး လူ ၂ ဦးကို ၃ ရက်ခြားတခါ လဲလှယ်သွားမှာဖြစ်ပေမယ့် စစ်ကောင်စီထောက်ခံသူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ ကင်းအလှည့်ကျမယ့် စာရင်းမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။

“စစ်မှုထမ်းက ပိုက်ဆံထည့်နိုင်ရင် လွတ်သေးတယ်။ ဒါက သူတို့ဖက် မဟုတ်ရင် အကုန်ပါမှာ။ ကျောင်းသားတော့ မပါဘူး။ တက္ကသိုလ်တက်နေရင်တော့ ပါတယ်” လို့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ညောင်ဖြူစခန်းနဲ့ စဝ်စံထွန်းရပ်ကွက်တို့ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)နဲ့ အနီးဆုံးမှာ တည်ရှိပြီး မတ်လပိုင်းတုန်းကလည်း အဲဒီ ရပ်ကွက်တွေကနေ စစ်ကောင်စီက စစ်မှုထမ်း ၁၅ ဦးဝန်းကျင်ခန့် ခေါ်ယူခဲ့ဖူးတယ်လို့ စုံစမ်းသိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now