မဲခေါင်၊ စက်တင်ဘာ ၂၉
ရှမ်းအရှေ့၊ မိုင်းဆတ်ကို တာချီလိတ်ဘက်ကအဝင် မြို့ဝင်တံတား ဆိုက်ခေါင်ကို တည်ဆောက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ယာယီတံတားကို စက်တင် ဘာ ၂၇ ရက်က စတင်တည်ဆောက်တာဖြစ်ပြီး ဘေလီအမျိုးအစား သံဘောင်ဖြစ်တယ်လို့ သိရပါတယ်။
“မိုးမရွာရင် မြန်မယ်၊ တာချီလိတ်မှာ ပစ္စည်းတွေလဲ အသင့်ရှိတယ်၊ သယ်လဲသယ်နေတယ်၊ မကြာပါဘူး” လို့ တံတားတည်ဆောက်ရာမှာ အကူအညီပေးနေသူ တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က နမ့်ခုတ်ချောင်းရေ ကြီးပြီး ရေတိုက်စားလို့ ဆိုက်ခေါင်တံတား ကျိုးကြသွားတာမှာ ချောင်းကို စက်လှေ၊ ဖောင်တွေနဲ့ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။
အဆိုပါတံတားပြီးလို့ တာချီလိတ်ဘက်ကကုန်စည်တွေ ဝင်ရောက်လာဖို့ကို မိုင်းဆတ် မိုင်းတုံ ဒေသခံတွေ အထူးမျှော်လင့်နေကြတယ်လို့ သိရပါတယ်။
MK-012








