နေ့စဥ်သတင်း

လားရှိုးကို စစ်ကောင်စီ လေယာဥ်နဲ့ ဆက်တိုက်ဗုံးကြဲ

မဲခေါင် 29 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၂၉ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မနေ့ စက်တင်ဘာ ၂၈ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်မှာ စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ရက်ကွက်(၈) ရုံး အနောက်ဘက် ကားဝပ်ရှော့ နဲ့ အနီးအနားကအဆောက်အဦးတော်တော်များများနဲ့ ကားများ ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ “လူမထိခိုက်ဘူးဗျ။ ကား ၁၂ စီးတော့ထိသွားတယ် ဝပ်ရှော့ပေါ်ကျတာဆိုတော့။ ရပ်ကွက် (၈) ရုံး အနောက်ဘက် ကားဝပ်ရှော့ကိုကျတဲ့အတွက် ကား (၁၂) တော့ထိသွားပါတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အလားတူ စစ်ကောင်စီဟာ

မဲခေါင်၊ စက်တင်ဘာ ၂၉

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မနေ့ စက်တင်ဘာ ၂၈ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်မှာ စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ရက်ကွက်(၈) ရုံး အနောက်ဘက် ကားဝပ်ရှော့ နဲ့ အနီးအနားကအဆောက်အဦးတော်တော်များများနဲ့ ကားများ ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

“လူမထိခိုက်ဘူးဗျ။ ကား ၁၂ စီးတော့ထိသွားတယ် ဝပ်ရှော့ပေါ်ကျတာဆိုတော့။ ရပ်ကွက် (၈) ရုံး အနောက်ဘက် ကားဝပ်ရှော့ကိုကျတဲ့အတွက် ကား (၁၂) တော့ထိသွားပါတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာ မနေ့ စက်တင်ဘာ ၂၈ ရက် မနက် အစောပိုင်းလူအများအိပ်မောကျနေချိန် ၂ နာရီ ၃၀ မိနစ်နဲ့ ၂ နာရီ ၅၀ မိနစ်အကြားမှာ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်၊ သံလွင်လျင်ဟိုန်ဒေသ၊နောင်မွန်မြို့နယ်ကို ဗုံးသေး ၁၀ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သားတစ်ဦးရဲ့ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားပြီး ဒေသခံနေအိမ်များထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တွေကို လက်ရှိဖြစ်ပွါးနေတဲ့နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းလမ်းအတိုင်းဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ညပိုင်းပြီးနောက် စက်တင်ဘာ ၂၇ ရက်မနက်အစောပိုင်း၊ စက်တင်ဘာ ၂၈ ရက်မနက်အစောပိုင်းနဲ့ ညပိုင်း ၈ နာရီခွဲဝန်းကျင် မှာ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ နဲ့ သိန္နီခရိုင်ကို လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လာရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲ တစ်လနီးပါးကြာပြီးနောက် စစ်ကောင်စီဟာ လေယာဉ်နဲ့ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ်လ ၃၀ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၉ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၄ ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်နေ့မှာတစ်ကြိမ်နဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတစ်ကြိမ် စုစုပေါင်း (၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

MK-016

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now