နေ့စဥ်သတင်း

စစ်ကောင်စီရဲ့ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းချက် လက်မခံဟု IEC ပြော

မဲခေါင် 29 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၂၉ စစ်ကောင်စီတပ်ရဲ့ ဒီမိုကရေစီအင်အားစုကြား သွေးခွဲဖို့ရည်ရွယ်ပြီး ကမ်းလှမ်းလာတဲ့ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်မခံဘူးလို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ပြည်သူလူထုဆီက အာဏာကို မတရားရယူပြီး စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်တွေဖြစ်တဲ့ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ဘာသာရေးအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အဆက်မပြတ်ပြုလုပ်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူလူထု အများအပြား သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီလုပ်တာက တော်လှန်ရေး အင်အားစုတွေကို အကွဲအပြဲဖြစ်စေတဲ့ ဆန္ဒလို့မြင်တယ်။ သူတို့က ရမ်းလုပ်တယ်ဆိုတဲ့ အဆင့်လောက်ပဲရှိတယ်။ တကယ့်ကို နိုင်ငံရေးဖြစ်စဥ်ကို နားလည်ပြီးလုပ်တဲ့ဟာမျိုးမဟုတ်ဘူး။ နောက်တချက်က သူတို့

မဲခေါင်၊ စက်တင်ဘာ ၂၉

စစ်ကောင်စီတပ်ရဲ့ ဒီမိုကရေစီအင်အားစုကြား သွေးခွဲဖို့ရည်ရွယ်ပြီး ကမ်းလှမ်းလာတဲ့ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်မခံဘူးလို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုဆီက အာဏာကို မတရားရယူပြီး စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်တွေဖြစ်တဲ့ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ဘာသာရေးအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အဆက်မပြတ်ပြုလုပ်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူလူထု အများအပြား သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီလုပ်တာက တော်လှန်ရေး အင်အားစုတွေကို အကွဲအပြဲဖြစ်စေတဲ့ ဆန္ဒလို့မြင်တယ်။ သူတို့က ရမ်းလုပ်တယ်ဆိုတဲ့ အဆင့်လောက်ပဲရှိတယ်။ တကယ့်ကို နိုင်ငံရေးဖြစ်စဥ်ကို နားလည်ပြီးလုပ်တဲ့ဟာမျိုးမဟုတ်ဘူး။ နောက်တချက်က သူတို့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူတို့ကခေါ်တယ်၊ ဒီဟာကို ငြိမ်းချမ်းရေးမလိုလားဘူး၊ ပြည်သူလူထုငြိမ်းချမ်းသာယာမှုကိုမလိုချင်လို့ ဒီနိုင်ငံက ဒီလိုဖြစ်နေတယ်ဆိုပြီး တဖက်လှည့် အပြစ်ပုံချတာလည်းပါတယ်။ သူတို့မှာ စနစ်ကျတဲ့ စဥ်းစားချက်တွေမရှိဘူး။အနိုင်လိုချင်စိတ်နဲ့ ဖျက်စီးလိုတဲ့ စိတ်ပဲရှိတယ်ဆိုတာကို တွေ့ရတယ်။ အယ့်အတွက် ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်တဲ့အရာမဟုတ်ဘူးလို့ ပြောလိုပါတယ်။”လို့ IEC ရဲ့ အတွင်းရေးမှူး ဦးဗညားကပြောပါတယ်။

လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်တဲ့ စစ်ကောင်စီတပ်ကို လူထုပေါင်းစုံက ဝိုင်းဝန်းဆန့်ကျင်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားလည်း ပျက်စီးနေပြီး အာဏာတည်မြဲမှုမရှိတော့တဲ့အခြေနေမှာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာ၊ သန်းခေါင်စာရင်းကောက်ခံတာ၊ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲ ပြုလုပ်ဖို့ကြိုးစားတာ၊အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကမ်းလှမ်းချက်က ခုလက်ရှိနိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်မှု တခုဖြစ်ပြီး ဖိတ်ခေါ်ချက်အပေါ်မှာလည်း လက်ခံညှိနှိုင်းခြင်းလုပ်မှာ မဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် ကြိုးစားကာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို တားမြစ်သွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးပြသနာကို န်ိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်ကောင်စီတပ်ဖက်က ထုတ်ပြန်ခဲ့ပြီး လက်နက်ကိုင် လမ်းစဥ်အစား ရွေးကောက်ပွဲလမ်းစဥ်၊ ပါတီနိုင်ငံရေးလမ်းစဥ်တွေနဲ့ အဖြေရှာဖို့ စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။

CJ-004

MeKongNews

ကရင်နီ

စစ်ကောင်စီ

လက်မခံ

နိုင်ငံရေး

ဒီမိုကရေစီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now