မဲခေါင်၊ စက်တင်ဘာ ၂၀
တာချီလိတ်မြို့အတွင်း တင်ကျန်ရစ်တဲ့ ရွှံ့တွေ၊ နုန်းတွေကို တံတား(၂)မြို့ပတ်လမ်းအနီး ရေမြောင်းတွေနဲ့ လမ်းမပေါ် လာရောက် စွန့်ပစ်တာကြောင့် အနီးအနားရှိဒေသခံတွေအနေနဲ့ သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။
မြို့အတွင်းက ရွှံ့တွေ၊ နုန်းတွေကို မြေသယ်ကားတွေနဲ့ သယ်ဆောင်ပြီး အများပြည်သူ သွားလာတဲ့ မြို့ပတ်လမ်းပေါ်နဲ့ မယ်ဆိုင်ချောင်းအတွင်း စီးဝင်တဲ့ ရေထွက်ပေါ်ကတွေထဲ စွန်ပစ်နေကြတာဖြစ်ပါတယ်။
“အခု မြေသယ်ကားတွေက လမ်းတစ်ဖက်တစ်ချက်မှာရှိတဲ့ ရေမြောင်းတွေထဲ သယ်လာတဲ့ ရွံ့တွေနှုန်းတွေကို လာပြစ်နေတာ မိုးနောက်တစ်ခါရွာရင် ချောင်းထဲရေမစီးတော့ဘဲ ရေကြီးမှာစိုးရတယ်။ လမ်းမပေါ်ကောစွန့်ပစ်တော့ သွားရလာရတာပါခက်သွာတယ်။ ဘယ်လို ဦးနှောက်နဲ့ လုပ်နေကြတာလဲမသိဘူးကားသမားတွေက”လို့ အနီးအနားနေထိုင်သူ မြို့ခံတစ်ဦးက ပြောပါတယ်၊။
မြို့တွင်းမြေသယ်ကားတွေကို သက်ဆိုင်ရာက ချောဆွဲပြီး အမိန့်နဲ့ အခမဲ့ မြေသယ်ခိုင်းနေတာကြောင့် စေတနာမပါဘဲ လူသူမနီးတဲ့နေရာတွေမှာ စွန့်ပစ်ရမယ့်အစား လူတွေနေထိုင်တဲ့ နေရာနဲ့ ရေထွက်ပေါက်တွေမှာ လာရောက်စွန့်ပစ်နေကြတာဖြစ်ပါတယ်။
ရွံမြေနဲ့ နှုန်းမြေကို စနစ်တကျစွန့်ပစ်ဖို့ စည််ပင်ကလဲ ခိုင်းစေခြင်းမရှိတဲ့အတွက် အခုလို ကြုံသလို စွန့်ပစ်တာဖြစ်နေကြောင်း မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက စနစ်တကျစီစဉ်ညွန်ကြားခြင်းမရှိကြောင်း မြို့ခံတွေပြာဆိုနေကြတာပါ။
MK-002








