မြန်မာ့နွေဦး

ဖယ်ခုံရေဘေးသင့် စစ်ဘေးရှောင်စခန်းတွေ အရေးပေါ် အကူအညီလိုအပ်နေ

မဲခေါင် 19 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ ရေဘေးသင့် စစ်ဘေးရှောင်စခန်းတွေအတွက် အကူအညီလိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါရီဆူးပလိုင်ကျေးရွာက နောင်ခိုင် စစ်ဘေးရှောင်စခန်းဟာ အပေါ်ထပ် အလုံးစုံ ရေနစ်မြုပ်နေပြီး စားနပ်ရိက္ခာတွေ ပျက်စီးဆုံးရှုံးကုန်တဲ့အတွက် အရေးပေါ် အကူအညီ လိုအပ်နေတာပါ။ “ဖျားနေတာတွေလည်း ရှိတယ်။ နီးနီးနားနား ရေမမြုပ်တဲ့ နေရာကိုပဲ အရင်ပြောင်းထားတယ်။ ဝေးဝေးလည်း သွားလို့ မရဘူး။ လမ်းတွေက ရေကျော်နေပြီ။ ကလေးတွေလည်း ဗိုက်ဆာနေကြတယ်” လို့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။ နောင်ခိုင် စစ်ဘေးရှောင်စခန်းကို လာရောက်လှူဒါန်းတွေ ရှိကြပေမယ့် လူဦးရေ များလွန်းတာကြောင့် စားနပ်ရိက္ခာပိုင်း မလုံမလောက် ဖြစ်နေပြီး

မဲခေါင်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ ရေဘေးသင့် စစ်ဘေးရှောင်စခန်းတွေအတွက် အကူအညီလိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာက နောင်ခိုင် စစ်ဘေးရှောင်စခန်းဟာ အပေါ်ထပ် အလုံးစုံ ရေနစ်မြုပ်နေပြီး စားနပ်ရိက္ခာတွေ ပျက်စီးဆုံးရှုံးကုန်တဲ့အတွက် အရေးပေါ် အကူအညီ လိုအပ်နေတာပါ။

“ဖျားနေတာတွေလည်း ရှိတယ်။ နီးနီးနားနား ရေမမြုပ်တဲ့ နေရာကိုပဲ အရင်ပြောင်းထားတယ်။ ဝေးဝေးလည်း သွားလို့ မရဘူး။ လမ်းတွေက ရေကျော်နေပြီ။ ကလေးတွေလည်း ဗိုက်ဆာနေကြတယ်” လို့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

နောင်ခိုင် စစ်ဘေးရှောင်စခန်းကို လာရောက်လှူဒါန်းတွေ ရှိကြပေမယ့် လူဦးရေ များလွန်းတာကြောင့် စားနပ်ရိက္ခာပိုင်း မလုံမလောက် ဖြစ်နေပြီး စခန်းပြန်လည်တည်ဆောက်ဖို့ ဝါးလုံးနဲ့ မိုးကာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းမှာ မိုးကာ ၁၈ ပေ ပတ်လည်ကို ၉ သောင်းခွဲကျပ်၊ ၂၁ ပေပတ်လည်ကို ၁၃၅,၀၀၀ ကျပ်၊ ၂၄ ပေပတ်လည်ကို ၁၆၅,၀၀၀ ကျပ် စတဲ့နှုန်းထားတွေနဲ့ ရောင်းချပေးနေပြီး ဝါးလုံးလည်း ဈေးသက်သာတာကြောင့် ဝယ်လှူပေးစေချင်တယ်လို့ ဆိုကြပါတယ်။

“စစ်ကောင်စီ ရှိတဲ့နေရာတွေတော့ လှူကြတဲ့လူ များတယ်။ သူတို့က ပေါ်တင်အလှူခံလို့ ရတယ်လေ။ ဒီမှာက အလှူခံရင်လည်း ကြောက်လို့ မလှူကြဘူး” လို့ ရေဘေးသင့် စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

နောင်ခိုင်စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ တစ်ထောင်နီးပါး နေထိုင်ကြပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်တာကြောင့် တခြားရေကြီးတဲ့ နေရာတွေထက် အကူအညီ ပိုလိုအပ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်တွေက ဖောက်ချလိုက်တာကြောင့် ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တို့မှာ ရေကြီးရေလျှံ ဖြစ်နေပြီး လူပေါင်း ၃ သောင်းကျော် တိမ်းရှောင်နေရသလို လယ်ဧက ၄ ထောင်ကျော်လည်း ရေမြုပ်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။

လက်ရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာလည်း ရေကြီးရေလျှံ ဖြစ်နေတာကြောင့် မိုးဗြဲရေကာတာ ဖောက်ချရတယ်လို့ ဆိုနိုင်ပေမယ့် စစ်ကောင်စီဖက်က ဒေသစာရီကြွချီ အပူဇော်ခံပွဲကို ကျင်းပဖို့အတွက် အလျင်စလို ဖောက်ချနေတာပဲ ဖြစ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now