မြန်မာ့နွေဦး

ယာယီနိုင်ငံကူးလက်မှတ်နဲ့ ရက်ကျော်ပြန်ဝင်လာသူတွေကို တာချီလိတ်တံတား လဝက ငွေညှစ်

မဲခေါင် 19 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၁၉ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ကို တစ်ပါတ်စာ ယာယီနိုင်ငံကူးလက်မှတ်နဲ့သွားရောက်ပြီး ရက်ပိုနေမိတဲ့ မြန်မာနိုင်ငံသားတွေကို တာချီလိတ် လူဝင်မှုကြီးကြပ်ရေးက ဥပဒေမဲ့ ငွေကြေးညစ်ရယူနေတယ်လို့ တာချီလိတ်ဒေသခံတွေထံက သိရပါတယ်။ တာချီလိတ်နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ ချင်းရိုင်းမြို့ကသို့ ဆေးရုံဆေးခန်းပြသူနဲ့ ဆွေမျိုးသားချင်းတွေဆီအလည်သွားပြီး ပြန်လာရာမှာ သတ်မှတ်ရက်ဖြစ်တဲ့ ၇ရက်ထက် ကျော်လွန်သွားသူတွေကို မြန်မာလူဝန်မှုကြီးကြပ်ရေး(လဝက)က ဥပဒေပြဌာန်းချက်မရှိ၊ ညွှန်ကြားချက်မရှိဘဲ အကြောင်းအမျိုးမျိုးပြကာ ထိုင်းဘတ် ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းခံနေတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းထဲ ထိုင်းနိုင်ငံဘက်ကို သွားရောက်ပြီး ရေဘေးကြောင့် ပြန်လာလို့မရလို့ ရက်ကျော်သွားသူတွေထံကပါ ငွေညှစ်တောင်းခံတယ်လို့ ကိုယ်တိုင်ကြုံရသူရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။ “တစ်ပါတ်စာ

မဲခေါင်၊ စက်တင်ဘာ ၁၉

တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ကို တစ်ပါတ်စာ ယာယီနိုင်ငံကူးလက်မှတ်နဲ့သွားရောက်ပြီး ရက်ပိုနေမိတဲ့ မြန်မာနိုင်ငံသားတွေကို တာချီလိတ် လူဝင်မှုကြီးကြပ်ရေးက ဥပဒေမဲ့ ငွေကြေးညစ်ရယူနေတယ်လို့ တာချီလိတ်ဒေသခံတွေထံက သိရပါတယ်။

တာချီလိတ်နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ ချင်းရိုင်းမြို့ကသို့ ဆေးရုံဆေးခန်းပြသူနဲ့ ဆွေမျိုးသားချင်းတွေဆီအလည်သွားပြီး ပြန်လာရာမှာ သတ်မှတ်ရက်ဖြစ်တဲ့ ၇ရက်ထက် ကျော်လွန်သွားသူတွေကို မြန်မာလူဝန်မှုကြီးကြပ်ရေး(လဝက)က ဥပဒေပြဌာန်းချက်မရှိ၊ ညွှန်ကြားချက်မရှိဘဲ အကြောင်းအမျိုးမျိုးပြကာ ထိုင်းဘတ် ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းခံနေတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းထဲ ထိုင်းနိုင်ငံဘက်ကို သွားရောက်ပြီး ရေဘေးကြောင့် ပြန်လာလို့မရလို့ ရက်ကျော်သွားသူတွေထံကပါ ငွေညှစ်တောင်းခံတယ်လို့ ကိုယ်တိုင်ကြုံရသူရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

“တစ်ပါတ်စာ စာအုပ်နဲ့ ရက်နည်းနည်းကျော်တာနဲ့ မြန်မာ လဝက တွေကပိုက်ဆံတောင်းတာ၊ အရင်က အဲ့လိုတောင်းတာမရှိဘူး။ ထိုင်းဘက်ကတော့ ရက်ကျော်ရင် ဒဏ်ငွေရိုက်တာတော့ရှိတယ်။ သူတို့က တခါတည်းစာကပ်ထားတယ်၊ တစ်ရက်ကျော်ရင် ဘယ်လောက်ဆိုပြီး။ တချို့ဆို ဆေးရုံသွားတက်တာလေ၊ အဓိက ပိုက်ဆံတောင်းတာ။ ဗမာစကားမကျွမ်းကျင်တဲ့ တောင်ပေါ်သားတွေကို ပိုတောင်းတယ်”လို့ ငွေညစ်ခံရသူရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

ထိုင်းဘက်ကနေ မြန်မာဘက်ကို အဝင် တစ်ပါတ်စာစာအုပ်တွေပြန်လည်အပ်နှံရတဲ့ နေရာမှာ ထိုင်တဲ့ အလှည့်ကျ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းက ထိုင်းနိုင်ငံအတွင်း ရက်ကျော်နေထိုင်မိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို လူအခြေအနေကြည့်ပြီး သတ်မှတ်ချက်မရှိ ငွေညစ်နေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်သူတွေထဲမှ နယ်ခံ တာချီလိတ်မြို့နယ်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ယာယီနိုင်ငံကူးလက်မှတ် တစ်နှစ်စာ စာအုပ် လုပ်ကိုင်ခွင်ပေးထားပြီး အခြားမြို့နယ်မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုတော့ ယာယီနိုင်ငံကူးလက်မှတ် တစ်ပါတ်စာလက်မှတ်နဲ့ နေ့စဉ်စာအုပ်လုပ်ပြီး ၂ နိုင်ငံ ကူးသန်းခွင့်ပြုပေးထားတာဖြစ်ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)ကနေ နေ့စဉ် ထိုင်းနိုင်ငံအတွင်း သွားရောက်လည်ပတ်သူ အလုပ်အကိုင်ကိစ္စနှင့်သွားသူ မြန်မာနိုင်ငံသား ဦးရေ ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရပါတယ်။

MK-002

MeKongNews

နယ်စပ်ကူးလက်မှတ်

ထိုင်း

တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now