မဲခေါင်၊ စက်တင်ဘာ ၇ ရက်
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နဲ့ စစ်ကောင်စီတပ်တွေ မနေ့ စက်တင်ဘာ ၆ ရက် မနက် ပိုင်းကစပြီူး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DPLA က သတင်းထုတ်ပြန်ပါတယ်။
DPLA ဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကျောက်ဂူ ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁း၅၀ နဲ့ ညနေ ၃း၁၀ တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ််လို့ ဆိုပါတယ်။
“လေကြောင်းကတော့ တိုက်ခိုက်တာ မရှိသေးဘူး၊ လက်နက်ကြီးကတော့ ပစ်တာ ရှိတယ်၊ လက်ရှိမှာတော့ စစ်ကောင်စီက ပြန်ဆုတ်ထားလို့ တိုက်ပွဲငြိမ်နေတယ်၊ ထိခိုက်မှုတွေတော့ အသေးစိတ်မသိရသေးဘူး”လို့ DPLA ပြန်ကြားရေးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျောက်ဆုံ၊ ရေဝေ၊ ထင်းကွင်း၊ ၁၁မိုင်၊ ညောင်ပင်သာတို့ဘက်မှာလည်း ထိတွေမှုတွေဖြစ်ပွားနေပြီး မနေ့ကတိုက်ပွဲ မှာလက်နက်ကြီးကျလို့ အိမ်တစ်လုံးပျက်စီးရတယ်လို့ ဒေသခံ၁ဦးကပြောပါတယ်။
“လေယာဥ်လဲ၃ခါဝဲတယ်၊ ဗုံးတော့မချဘူး၊ တိုက်ပွဲရှောင်တာကတော့ ရာချီပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
DPLA ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ကျောက်ဂူတိုက်ပွဲမှာ အရှင်မိ ၈ ဦး၊ ခလရ-၂၉၁၂ တပ်ရင်းမှူးအပါ အသေမိ ၉ ဦး နဲ့ လက်နက်ငယ် ၁၉ လက် ရရှိခဲ့တယ်လို့ သိရပါတယ်။
DPLA ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ၂ပိုင်းလုံးမှာ အခြားမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ ပါတယ်။
MK-012








