မဲခေါင်၊ ဩဂုတ် ၁၈
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် ထိန်းချုပ်ပြီးနောက် လားရှိုးမြို့ နေရာတချို့မှာ ဩဂုတ်လ ၁၇ ရက်ညနေပိုင်းကစ မိုင်တဲ ဖုန်းလိုင်းပြန်ရပြီး အများပြည်သူနဲ့ ဆိုင်တဲ့နေရာ တချို့မှာ ဩဂုတ်လ ၁၁ ရက်နေ့ကစ MNDAA ဘက်က ဂြိုလ်တုအင်တာနက် အခမဲ့ လွှင့်ထားပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က ညနေပိုင်းက လားရှိုး တချို့နေရာတွေမှာ မိုင်တဲဖုန်းလိုင်း ဆက်လို့ ရပြီ။ လိုင်းလည်း သုံးလို့ရပေမယ့် လိုင်းဝောာ့မကောင်းဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မန်ဆူ ကန်မိန်းကျောင်း နားဘက် ကနေ မိုင်တဲ ဖုန်းလိုင်းတွေ စတင် ပြုပြင် နေပြီဖြစ်ပြီး လက်ရှိမှာတော့ မန်ဆူဘက်နဲ့ အေတီတံတားထိပ်ဘက်တွေမှာ ဖုန်းပြောလို့ ရတယ်လို့ ဆိုပါတယ်။
“ဝိုင်ဖိုင်က မန်ဆူဘက်၊ အောင်ဆေးရုံဘက်၊ ဝ ဆက်ဆံရေး ရုံးတွေဘက်မှာ အခမဲ့ သွားသုံးလို့ရတယ်။ အရင်နေ့ သုံး၊ လေး ရက်လောက်ကစ MNDAA တွေက ဝိုင်ဖိုင်စက်တွေတင်ထားတဲ့ကား လားရှိုးတက္ကသိုလ်နား လာလွှင့်ထားပေးတယ်။ ညနေ ၄ နာရီလောက်ဝောာ့ ပိတ်သွားတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဝ ဆက်ဆံရေးရုံးကဝောာ့ လားရှိုးမှာ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်သွားပြီးနောက် ဩဂုတ်လ ၄ ရက်နေ့ ကစ ဒေသခံ ပြည်သူတွေအတွက် ဂြိုလ်တု အင်တာနက်(Star Link Wifi)ကို အခမဲ့ လာရောက် အသုံးပြုခွင့်ပေးခဲ့ကာ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဖွင့်ထားပေးတယ်လို့ ဆိုပါတယ်။
MNDAA ဘက်ကတော့ ဩဂုတ်လ ၁၁ ရက်နေ့ကစ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ “အောင်” ပုဂ္ဂလိကဆေးရုံပတ်ဝန်းကျင်၊ မန်ဆူရှမ်းကျောင်း၊ရပ်ကွက် ၅ အောင်မင်္ဂလာဈေးအနီး တွေမှာ မနက် ၁၀ နာရီ ကနေ နေ့လယ် ၁၂ နာရီခွဲ အထိ နဲ့ မွန်းလွဲ ၂ နာရီ ကနေ ညနေ ၄ နာရီ အထိမည်သူမဆို အခမဲ့ အသုံးပြုနိုင်ဖို့ ဂြိုတုအင်တာနက် (Star Link Wifi) တပ်ဆင်ထားပေးတာ ဖြစ်ပါတယ်။
CJ-008








