မဲခေါင်၊ သြဂုတ် ၁၈
ရှမ်းမြောက်၊ လားရှိုးအကျဉ်းထောင် က ၀ အမျိုးသား ၈ ဦးကို MNDAA က မနေ့ က ပြန်လွှတ်ပေးလိုက်တယ်လို့ WNL သတင်းစဉ်အရ သိရပါတယ်။
၀လူငယ့်အသံကွန်ရက်ရဲ့ပြုစုထားတဲ့ စာရင်းအချက်အလက်အရ မနေ့ သြဂုတ်လ ၁၇ ရက်မှာ လားရှိုးအကျဉ်းထောင်ထဲ ကျခံနေရတဲ့၀အမျိုူးသား ၈ ဦးကို လားရှိုးအကျဉ်းထောင်ကို လက်ရှိထိန်းချုပ်ထားတဲ့ MNDAA ကလွှတ်ပေးလိုက်လို့ ပြန်လည်လွတ်မြောက်လာ တယ်လို့ ဆိုပါတယ်။
အဆိုပါ အကျဉ်းသားတွေဟာ ဟိုပန်၊ တန့်ယန်းနဲ့လားရှိုးမြို့တွေက ဖြစ်တယ်လို့ သိရပြီး လွတ်မြောက်လာသူ ၁ ဦးရဲ့ပြောပြချက်အရလားရှိုးက ၀ရုံးအကူအညီနဲ့လွတ်လာတာဖြစ်ပြီး ထောင်ထဲမှာ ၀ ပါလား လိုက်အော်တဲ့အချိန် ပါကြောင်းပြောပြီး ပြန်လွတ်လာြခင်း ဖြစ်တယ်လို့ သိရပါတယ်။
အကျဉ်းသား၁ ဦးရဲ့ပြောစကားအရ မုဒိန်းမှု၊ လူသတ်မှုတို့ဆိုရင် မသေချာဘူး၊ ခုက ဆေးမှုတွေ ပြန်လွှတ်တာများတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ MNDAAက အကျဉ်းသားတွေကို မိသားစုဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ထောက်ခံချက်နဲ့ ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
ထောင်ထဲမှာ မိသားစုနဲ့အဆက်အသွယ်မရတဲ့သူတွေ အများအပြားကျန်ရှိနေသေးတယ်လို့ သိရပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးနေပြီး အမျိုူးသားတွေကိုတော့ ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။
လားရှိုးထောင်က အကျဉ်းသားတွေ ပြန်လွှတ်ပေးမှုကို MNDAA အနေနဲ့ ထုတ်ပြန်ကြေညာတာ မရှိသေးပဲ လွတ်လာတဲ့သူ၊ လက်ခံရရှိတဲ့ အဖွဲ့အစည်းတွေက ကြေညာချက်အရ သိရပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က MNDAA က လွှဲပြောင်းပေးတဲ့ လားရှိုးအကျဉ်းထောင်က ၁၁၈ ဦးကို လက်ခံရရှိကြောင်း TNLA က ထုတ်ပြန်ခဲ့ပါတယ်။
MK-012








