မဲခေါင်၊ သြဂုတ် ၁၇
ရှမ်းအရှေ့ ၊ မိုင်းဆတ်မြို့မှာ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် လျှပ်စစ်တာဝါတိုင် ယိုင်နဲ့ပျက်စီးလို့ လျှပ်စစ်မီးပြတ်တောက်မှု ၁ ပတ်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်။
မနေ့ သြဂုတ်လ ၁၆ ရက်မှာ မိုင်းခုတ်နဲ့ မိုင်းဆတ်ကြားက ရှုခင်းသာ-၃ အနီးက တာဝါတိုင်အမှတ်-၂၈ ဟာ မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝဘေးဒဏ်ကြောင့် မြေသားနံရံပြိုကျပြီး ပျက်စီးသွားလို့ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်တေယ်လို့ မိုင်းဆတ်လျှပ်စစ်ဌာန ESE Mong Hsat က သတင်းထုတ်ပြန်ပါတယ်။
ယင်းတာဝါတိုင်ပြုပြင်မှုကို လာမယ့် သြဂုတ်လ ၂၀ ရက် ခန့်စပြီး ပြုပြင်မယ်ဖြစ်လို့ ၁ ပတ်ခန့်ကြာမြင့်နိုင်မယ်လို့ ဆိုပါတယ်။
“မနေ့ကဆိုတေ့ာ အနည်းဆုံး ၁၀ ရက်လောက်ကြာမှာ၊ ၂၄ နာရီရနေတာကနေ ခုလိုပျက်တော့ လျှပ်စစ်နဲ့ပတ်သက်တာတွေ ဘာမှ သုံးမရတော့ဘူး၊ အခြားမီးမရ၊ မီးမမှန်တဲ့မြို့တွေထက်စာရင် တော်ပါသေးတယ်၊ မိုင် ၄၀ ပဲဝေးတဲ့ အမတို့နေတဲ့မိုင်းတုံဆိုရင် ၁ရက်မှာမှ ညပိုင်းလေး ၃ နာရီရတာ၊ ဒါတောင်တခါတလေ မီးပျက်သေးတယ်” လို့ မိုင်းဆတ် မယ်ဆွမ်မြောက်နေသူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
မိုင်းဆတ်မြို့ကို ယခင်က မယ်ပန်ရေအားလျှပ်စစ်နဲ့ မီးပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က နေ့မှာ စတင်ကာ National Grid နိုင်ငံဓာတ် အားလိုင်းနဲ့ ၂၄ နာရီ စတင်မီးပေးနိုင်ခဲ့ပြီးနောက် ဇွန် ၁၃ ရက်နေ့မှာ ယခုလို တာဝါတိုင်ပျက်စီးမှုရှိခဲ့ပြီး အခု ထပ်မံ၍ တာဝါတိုင်ပျက်စီးရခြင်း
ဖြစ်ပါတယ်။
MK-012








