မြန်မာ့နွေဦး

သီပေါ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးသူ ၂၀ ခန့်အထိရှိလာ

မဲခေါင် 12 Aug - 2024
မဲခေါင်၊ သြဂုတ် ၁၂ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က TNLA၊ PDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အတွင်း အရပ်သားပြည်သူ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထိ ရှိလာနေပြီလို့ သိရပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ သြဂုတ်လ ၉ ရက်နေ့ကစပြီး ယနေ့ သြဂုတ်လ ၁၂ ရက်နေ့အထိ သီပေါ နယ်စည်းမခြားနဲ့ မြတ်မွန်စေတနာ ပရဟိတလူမှုကူညီမှုအသင်းတွေဆီက ရရှိတဲ့ စာရင်းအရ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရ ၁၀ ဦးရှိပြီလို့ သိရပါတယ်။ သေဆုံး စာရင်းမှာ သြဂုတ်လ ၉ ရက်မှာ ကုန်းဆုံရွာ က အမျိုးသမီး ၁

မဲခေါင်၊ သြဂုတ် ၁၂

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က TNLA၊ PDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အတွင်း အရပ်သားပြည်သူ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထိ ရှိလာနေပြီလို့ သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ သြဂုတ်လ ၉ ရက်နေ့ကစပြီး ယနေ့ သြဂုတ်လ ၁၂ ရက်နေ့အထိ သီပေါ နယ်စည်းမခြားနဲ့ မြတ်မွန်စေတနာ ပရဟိတလူမှုကူညီမှုအသင်းတွေဆီက ရရှိတဲ့ စာရင်းအရ သေဆုံး ၉ ဦးနဲ့ ဒဏ်ရာရ ၁၀ ဦးရှိပြီလို့ သိရပါတယ်။

သေဆုံး စာရင်းမှာ သြဂုတ်လ ၉ ရက်မှာ ကုန်းဆုံရွာ က အမျိုးသမီး ၁ ဦး၊ ၁၀ ရက်နေ့မှာ မြို့ဟောင်းက ကျား ၁ ဦး၊ တုံစင့်က ကျား ၁ ဦး နားလွယ်က ကျား ၁ ဦး၊ ကျောင်စုက ကျား ၁ ဦး၊ ၁၁ ရက်နေ့မှာ အုတ်ကျင်းက ကျား ၁ဦး၊ တာပုတ်က ကျား၁ ဦး၊ ယနေ့ သြဂုတ်လ ၁၂ ရက်မှာတော့မြို့လယ်ရပ်က မ ၂ ဦး စုစုပေါင်း ၉ ဦး( ကျား ၆ ဦး ၊မ ၃ ဦး ) ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူစာရင်းကတော့ သြဂုတ်လ ၉ ရက်မှာ ကုန်းစုံရွာက ကျား(ကလေး) ၁ဦး၊ ၊ ၁၀ ရက်နေ့မှာ မြို့ဟောင်းက ကျား ၂ ဦး၊ မ ၂ ဦး၊ ၁၁ ရက်နေ့မှာ တာပုတ်က အဖိုး ၁ ဦး၊ အဖွား ၁ ဦး၊ မြို့လယ်ရွှေစေတီက ရဟန်း ၁ ပါး၊ သီလရှင် ၁ပါးနဲ့ မ ၁ဦး၊ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ဒဏ်ရာသူ မရှိလို့ စုစုပေါင်း ၁၀ ဦး (ကျား ၅ ဦး မ ၅ ဦး) တို့ဖြစ်တယ်လို့သိရပါတယ်။

“သေဆုံးဒဏ်ရာရသူတွေကတော့ ပရဟိတအဖွဲ့တွေလည်း သဂြိုလ်ဖို့၊ ဆေးရုံဆေးခန်းပို့၊ စစ်ရှောင်တွေပို့နဲ့ မအားကြဘူးဖြစ်နေတာ၊ ဒဏ်ရာရသူတွေကို CDM ဆရာဝန် တစ်ယောက်နဲ့ အငြိမ်းစားစစ်ဆရာဝန််တစ်ယောက်က ကုပေးနေတာ၊ မြို့လူထုကတော့ မနေ့ကစပြီးစစ်ရှောင်ကြတာ များပါပြီ” လို့ သီပေါ ဒေသခံတစ်ဦးက မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

သီပေါမြို့က တစ်ခြားမြို့တွေထက် သေဆုံး၊ ဒဏ်ရာရ နည်းတယ်ဆိုပေမယ့် ကလေးနဲ့သက်ကြီးရွယ်အိုတွေ ထိတာ ရာခိုင်နှုန်းများနေလို့ အဖိုး၊ အဖွားတွေ အိမ်စောင့်ထားခဲ့သလား၊ လူကြီးသူမတွေကိုယ်တိုင်က အိမ်စောင့်ထားခဲ့သလား ၊ ပြောမရ ဆိုမရလို့ နေခဲ့သလား မသိရပေမယ့် သီပေါမြို့ကို ပြန်ကြိုသူတွေ အပါခေါ်ခဲ့ဖို့ မေတ္တာရပ်ခံလိုတယ်လို့ သူကပြောပါတယ်။

အခြားမြေပြင်သတင်းတွေအရတော့ ယနေ့နေ့လည် ၁၂း၁၅ နာရီမှာ မြို့လယ်ရပ်၊ မင်္ဂလာလမ်း Hotel Hsipaw အနီး အိမ် ၁ အိမ်ထိလို့ လူသေဆုံးပြီး နေ့လယ် ၁၁း၃၀ အချိန်မှာတော့ မြို့လယ်ရပ် ပြောင်းပွဲရုံနားက ငှားနေတဲ့ အိမ်မှာ မိသားစု ၃ ဦးလုံး သေဆုံးသွားတာရှိခဲ့လို့ ပရဟိတအသင်းတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

ယနေ့ ညနေ ၃ နာရီအချိန်အထိ တိုက်ပွဲသံတွေကြားနေရဆဲလို့ သိရပြီး လက်နက်ကြီးပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေ ကိုတော့ မဲခေါင်အနေနဲ့ ဆက်လက် ဆက်သွယ်စုံစမ်းဆဲဖြစ်ပါတယ်။

MNDAA နဲ့ ပူးပေါင်းတပ်တွေဟာ သီပေါ ခလရ-၂၃ နဲ့ ခမရ-၅၀၃၊ ၅၀၄ နေရာကို တိုက်ခိုက်နေဆဲဖြစ်ပြီး ထပ်တိုးအင်အားတွေနဲ့ သီပေါမြို့ကို အပြီးသိမ်းနိုင်အောင် ကြိုးစားနေတယ် ကြားရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ပုံ-ပုံဟောင်း
MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now