မြန်မာ့နွေဦး

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်စခန်းနဲ့ ဆေးရုံတွေကို လေကြောင်းရန်ကာကွယ်ရေး ဆောင်ရွက်ကြဖို့ JFK အဖွဲ့က သတိပေး

မဲခေါင် 8 Aug - 2024
မဲခေါင်၊ ဩဂုတ် ၈ ကရင်နီတစ်ပြည်လုံးမှာ ရှိတဲ့ တော်လှန်ရေးတပ်စခန်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းရန်ကာကွယ်ရေး ဆောင်ရွက်ကြဖို့ Jobs For Kayah (JFK) အဖွဲ့က ဒီနေ့ ဩဂုတ် ၈ ရက်နေ့မှာ သတိပေးလာပါတယ်။ စစ်ကောင်စီရဲ့ တပ်တွင်း သတင်းပေါက်ကြားချက်အရ တော်လှန်ရေး တပ်စခန်းနေရာတွေကို ကိုဩဒိနိတ်အမှတ် အတိအကျ ရရှိထားတာကြောင့် အချိန်မီ ဆောင်ရွက်နိုင်ဖို့အတွက် သတိပေးရတာလို့ ဆိုပါတယ်။ “အခုက ရှောင်ရမှာ မဟုတ်ဘူး။ လေကြောင်းရန် ကာကွယ်ရမှာ။ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆေးရုံဆေးခန်း တည်နေရာတွေ ပေါက်ကြားမှု ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိထားလို့ပါ” လို့ JFK အဖွဲ့တာဝန်ခံ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၈

ကရင်နီတစ်ပြည်လုံးမှာ ရှိတဲ့ တော်လှန်ရေးတပ်စခန်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းရန်ကာကွယ်ရေး ဆောင်ရွက်ကြဖို့ Jobs For Kayah (JFK) အဖွဲ့က ဒီနေ့ ဩဂုတ် ၈ ရက်နေ့မှာ သတိပေးလာပါတယ်။

စစ်ကောင်စီရဲ့ တပ်တွင်း သတင်းပေါက်ကြားချက်အရ တော်လှန်ရေး တပ်စခန်းနေရာတွေကို ကိုဩဒိနိတ်အမှတ် အတိအကျ ရရှိထားတာကြောင့် အချိန်မီ ဆောင်ရွက်နိုင်ဖို့အတွက် သတိပေးရတာလို့ ဆိုပါတယ်။

“အခုက ရှောင်ရမှာ မဟုတ်ဘူး။ လေကြောင်းရန် ကာကွယ်ရမှာ။ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆေးရုံဆေးခန်း တည်နေရာတွေ ပေါက်ကြားမှု ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိထားလို့ပါ” လို့ JFK အဖွဲ့တာဝန်ခံ တစ်ဦးက ပြောပါတယ်။

အခု သတိပေးချက်ဟာ ကရင်နီပြည်တစ်ခုလုံးအကြုံးဝင်ပြီး စစ်ဘေးရှောင်စခန်းတွေကိုလည်း အထူးဂရုစိုက်ကြဖို့ JFK အဖွဲ့က သတိပေးပါတယ်။

ကရင်နီပြည်မှာ လေကြောင်းရန်ကာကွယ်ရေး အစီစဉ်တွေကို တော်လှန်ရေးအင်အားစုတွေက ပညာပေးဆောင်ရွက်တာတွေရှိပေမယ့် အမှန်တကယ်မြေပြင်မှာ ထိရောက်မှုမရှိတာကြောင့် စစ်ဘေးရှောင်နဲ့ ဒေသခံတွေက ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကို ဝေဖန်နေကြပါတယ်။

“လေယာဉ်သံကြားတာနဲ့ အရင်လို ဖြတ်သွားတာပဲ။ ဒီမှာ မကြဲပါဘူးလို့ ပေါ့ပေါ့မနေကြပါနဲ့။ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျဉ်းထဲ ဝင်နေပါ။ အထူးသတိပေးပါတယ်” လို့ JFK အဖွဲ့တာဝန်ခံ တစ်ဦးက ဆက်ပြီး သတိပေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရပ်ကွက်ရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

JFK အဖွဲ့ဟာ စစ်အာဏာမသိမ်းခင်ကတည်းက ကရင်နီပြည်ရှိ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေကို လူမှုကွန်ယက် စာမျက်နှာ (Facebook) မှာ တင်ဆက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး လက်ရှိမှာလည်း CDM, တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့အဖွဲ့ ဖြစ်ပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now