မဲခေါင်၊ ဩဂုတ် ၄
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်ရှိရာ ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ထဲက ဗန်းမက်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည့်သူ့စစ် – PNO က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ဆီဆိုင်ပြည်သူတွေ စစ်ရှောင်ရပြန်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်းပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်က အရင်စပြီးပစ်နေတာ။ ပြည်သူတွေကတော့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ပြေးကြတာပေါ့။ ဂိတ်တွေမှာလည်း PNO တွေက မနက် ၆- ည ၆ ပဲ ပေးဖြတ်တယ်” လို့ သူက ပြောပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ PNLO/PNLA ဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
Photo – Voice of Pin Laung








