မဲခေါင်၊ သြဂုတ် ၃
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ကိုးကန်းတပ် MNDAA က ဒီနေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် ပြီးပြည့်စုံတဲ့ အောင်ပွဲလို့ ကြွေးကြော်လိုက်ပါတယ်။
ရခမကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်ကိုလည်း ချေမှုန်းခဲ့ပြီးနောက် ရမခရှေ့ အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေနဲ့ ဒီနေ့မှာ ထုတ်ပြန်လိုက်တာပါ။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမှာ အခြေစိုက်ပြီး စစ်တပ်အတွက် အစဥ်အလာကြီးမားသည်ဆိုတာ ရမခ တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ ပူးပေါင်းတပ်တွေက တစ်လအကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒီလို တိုင်းစစ်ဌာချုပ်ကြီးတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရတာဟာ စစ်ကောင်စီသမိုင်းမှာ သက်တမ်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။








