မဲခေါင်၊ သြဂုတ် ၁
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းက စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းမိတဲ့ လက်နက်တွေကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်တပ်မတော် (TNLA) က ဒီနေ့မှာ ထုတ်ဖော်ပြသပါတယ်။
မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၃၁ ရက်မှာ အလုံးစုံသိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းပွဲမှာအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိူင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းတွေ သိမ်းပိုက်မိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း TNLA မှ နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။








