မြန်မာ့နွေဦး

ဂျမ်မာကိုကျော်ပြီး ပျံသန်းနိုင်မယ့်ဒရုန်း ဝရဇိန်တပ်ဖွဲ့ မိတ်ဆက်

မဲခေါင် 27 Jul - 2024
မဲခေါင်၊ ဇူလိုင် ၂၇ ကရင်နီပြည်အခြေစိုက် ဝရဇိန်တပ်ဖွဲ့က ဂျမ်မာတွေကို ကျော်လွန်ပြီး ပျံသန်းနိုင်တဲ့ ဒရုန်းကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တီထွင်ထားတဲ့ ဒရုန်းတွေကို စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားတဲ့ ဂျမ်မာတွေနဲ့ ထိန်းချုပ် စမ်းသပ်ပြီး ပျံသန်းခဲ့ရာမှာတော့ ရာနှုန်းပြည့် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုပါတယ်။ “ရန်သူ့ ဂျမ်ပါတွေအပေါ်မှာ ကျော်ပြီး မီတာ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ခပ်နိမ့်နိမ့် ပျံသန်းနိုင်တဲ့ ဒရုန်းမျိုးကို ကျနော်တို့ တည်ဆောက်နေတာပါ။ ကျနော်တို့ မော်ဒယ်လ် ထွက်ထားတာလည်း ရှိပါပြီ။ အဲ့လိုမျိုး Phase 2 နဲ့ Phase 3 ဆိုပြီး နာမည်တပ်ထားတယ်ပေါ့နော်။

မဲခေါင်၊ ဇူလိုင် ၂၇

ကရင်နီပြည်အခြေစိုက် ဝရဇိန်တပ်ဖွဲ့က ဂျမ်မာတွေကို ကျော်လွန်ပြီး ပျံသန်းနိုင်တဲ့ ဒရုန်းကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တီထွင်ထားတဲ့ ဒရုန်းတွေကို စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားတဲ့ ဂျမ်မာတွေနဲ့ ထိန်းချုပ် စမ်းသပ်ပြီး ပျံသန်းခဲ့ရာမှာတော့ ရာနှုန်းပြည့် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုပါတယ်။

“ရန်သူ့ ဂျမ်ပါတွေအပေါ်မှာ ကျော်ပြီး မီတာ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ခပ်နိမ့်နိမ့် ပျံသန်းနိုင်တဲ့ ဒရုန်းမျိုးကို ကျနော်တို့ တည်ဆောက်နေတာပါ။ ကျနော်တို့ မော်ဒယ်လ် ထွက်ထားတာလည်း ရှိပါပြီ။ အဲ့လိုမျိုး Phase 2 နဲ့ Phase 3 ဆိုပြီး နာမည်တပ်ထားတယ်ပေါ့နော်။ Frequency Hooping ကြိမ်နှုန်းကွင်းအတွင်း အသုံးချနိုင်တဲ့အနေအထားကို ကျနော်တို့ ရောက်ခဲ့ပြီ။ 3 ရောက်ပြီ ဆိုလို့ရှိရင်တော့ အဲ့ထက်ပိုပြီးတော့ အဆင့်မြင့်ပြီးတော့ GPS ကို မှီခိုခြင်းမရှိတဲ့ navigation system အနေနဲ့ အလုပ်လုပ်လို့ရပြီဆိုတဲ့ အနေအထားမျိုး ဖြစ်ပြီပေါ့နော်” လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ဒရုန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေမှာယူရပြီး ဒရုန်းတစ်စင်းအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁,၃၀၀- ၁,၅၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ဝရဇိန်တပ်ဖွဲ့မှာ အင်ဂျင်နီယာနဲ့ နိုင်ငံတကာက ဘွဲ့ရရှိထားတဲ့ IT ပညာရှင်တွေလည်း ပါဝင်တာကြောင့် နည်းပညာပိုင်း အင်အားတောင့်တင်းတဲ့အပြင် တိုက်ခိုက်ရေးတပ် အနေနဲ့လည်း စုဖွဲ့ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒရုန်းတစ်စီးအတွက်ဆို လက်ရှိအနေအထားနဲ့ကို ကျန်တဲ့ဘာတွေညာတွေ မစဥ်းစားနဲ့ဦး၊ နိုင်ငံခြားက ဝယ်ရတဲ့ပစ္စည်းရှိတယ်၊ နောက် အဝေးကြီးကနေ ကျော်ပြီးတော့ ဝယ်နေရတဲ့ ပစ္စည်းရှိတယ်။ ပြည်တွင်းမှာမရနိုင်တဲ့ ပစ္စည်းတွေများပါတယ်။ အဲ့လိုမျိုးပစ္စည်းမျိုးမှပဲ ဒရုန်းအတွက်ကို သိန်း ၆၀ အထိရှိတယ်။ အဲ့မော်ဒယ်တွေလည်း အခုထွက်နေပြီ။ ဒါ ပြင်ဆင်ထားပြီးတော့ ခနနေကျရင်တော့ ကျနော်တို့ ထုတ်ပြန်မလားလို့ စဥ်းစားထားတယ်ပေါ့နော်” လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ လားရှိုးနဲ့ လွိုင်ကော်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ဂျမ်မာတွေထောင်ပြီး ဒရုန်း မပျံသန်းနိုင်အောင် လုပ်ဆောင်ခဲ့တာကြောင့် အခုလို ဂျမ်မာတွေကို ထိုးဖော်ပျံသန်းနိုင်တဲ့ ဒရုန်းတွေကို တီထွင်နေတာပဲ ဖြစ်ပါတယ်။

ဝရဇိန်တပ်ဖွဲ့ကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဖွဲ့စည်းခဲ့ပြီး လတ်တလော ကရင်နီဒေသတွင်းမှာ စစ်ရေးပြင်ဆင် လေ့ကျင့်နေပေမယ့် နောင်တစ်ချိန်မှာတော့ မြေပြန့်ဒေသကို ပြောင်းရွှေ့စစ်ရေး ဖော်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

MK-14

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now