မဲခေါင်၊ ဇူလိူင် ၄
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင် ကျေးရွာက ဒေသခံ ပြည်သူ ၁ ဦးကို မနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကပစ်သတ်ပြီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ကျေးရွာက ဒေသခံဖြစ်တဲ့ ခွန်တငွေနဲ့ ခွန်မောင်ပေး တို့ဟာ ရပ်ရွာထဲက အသုအိမ်မှာ ညအိပ်စောင့်ပေးရာက နေအိမ်ကို အပြန်မှာ ကျေးရွာအတွင်း တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ရွာလယ်ခေါင်မှာ ခွန်တငွေကို ပစ်သတ်ပြီး ခွန်မောင်ပေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ခွန်မောင်ပေးကို ရွာအပြင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိမှာ ဘာအဆက်အသွယ်မှ မရသေးဘူးလို့သိရကာ ရွာသားတွေလိုက်လာပါက ထပ်မံပစ်သတ်မယ်ဆိပြီး ခြိမ်းခြောက်ထားလို့ ဒေသခံတွေ လိုက်မသွားရဲဘူးလို့ သိရပါတယ်။
ပစ်သတ်ခံထားရတဲ့ ခွန်တငွေရဲ့အလောင်းကို မနက်ပိုင်းမှာ ယူဆောင်ခွင့်မရပေမယ့် ညနေပိုင်းမှာတော့ PNO တွေ တားမြစ်နေတဲ့ကြားကရွာသားတွေ ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်နေတဲ့ PNO ပြည်သူ့စစ်တွေဟာ လက်ရှိ အချိန်အထိ ထမ်းယံတိုင် ကျေးရွာမှာ တပ်စွဲထားပြီး ဒေသခံတွေကိုရွာပြင် ထွက်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
MK-012








