မြန်မာ့နွေဦး

မြင်းခြံမှာ ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီက ထပ်မံပစ်ခတ်သတ်ဖြတ်ပြီး PDF လို့ လွှဲချ

မဲခေါင် 24 Jun - 2024
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆခမ ကျေးရွာက ခန်းနေဆရာတော် ဦးဥတ္တမကို ဇွန်လ ၂၂ ရက် ည ၉ မှာ စစ်ကောင်စီက ပစ်သတ်ပြီး ဒေသ PDF တွေက ပစ်သတ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။

မဲခေါင်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆခမ ကျေးရွာက ခန်းနေဆရာတော် ဦးဥတ္တမကို ဇွန်လ ၂၂ ရက် ည ၉ မှာ စစ်ကောင်စီက ပစ်သတ်ပြီး ဒေသ PDF တွေက ပစ်သတ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။

ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကို စစ်ကောင်စီက မြို့သာ ဘက်မှာပစ်သတ်ပြီးနောက် ယခု ထပ်မံပြီး ဦးဥတ္တမ ပစ်သတ်ခံရတာဖြစ်ကာ စစ်ကောင်စီက ၄င်းတို့လက်ချက်မဟုတ်ပဲ Myingyan Black Tiger PDF တွေရဲ့လက်ချက်လို့ သတင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စခမကျေးရွာက မဝင့်ဝါအေး ၂၈ နှစ် ဗိုက်အောင့်လို့ မြတ်ပုည ပရဟိတကားကို ဆရာတော် ဦးဥတ္တမကမောင်းပြီး ဦးအောင်မျိုးသောင်း အသက် ၄၀ နှစ်က လိုက်ပါကာ လူနာပို့ပြီးအပြန်မှာ ပစ်ခံရတာလို့ သိရပါတယ်။

“ဆရာတော် ဦးဥတ္တမက ညရေးညတာ လူနာအရေးကြီးရင် အဖွဲ့ဝင်တွေ ပြဿနာဖြစ်မှာစိုးလို့ သူကိုယ်တိုင် မောင်းပို့တာတွေရှိတယ်။ ကျေးရွာအပေါ် အင်မတန် စေတနာထားတဲ့ ကိုယ်တော်ကြီးပါ။ လူနာတင်ကားမှန်းလည်း သိတယ်၊ ဘုန်းကြီးမှန်းလည်း သိတယ်၊ တမင်တကာ ပစ်ခတ်တာဟာ မိစ္ဆာလုပ်ရပ်ပဲ”လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သက်တော် ၅၀၊ ၀ါတော် ၁၂ ၀ါရှိ ဆရာတော် ဦးဥတ္တမမှာ ဦးခေါင်းကို ထိတာအပါအဝင် သေနတ်ဒဏ်ရာ ၄ ချက်ထိမှန်လို့ ပျံလွန်တော်မူရတာဖြစ်ပြီး ဦးအောင်မျိုးသောင်းကတော့ ခြေသလုံးနဲ့နားနောက် (မစိုးရိမ်)ရဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတင်ကုသနေတယ်လို့သိရပါတယ်။

စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ Myingyan Black Tiger PDF ကတော့ လူနာလာပို့တဲ့ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာဖြစ်ပြီး အဖွဲ့နဲ့ လုံးဝ(လုံးဝ)မသက်ဆိုင်ကြောင်း၊ တပ်ဖွဲ့ဟာ မြင်းခြံမှာ စစ်ရေးလှုပ်ရှားမှုမရှိသလို မြင်းခြံအနီးမှာလည်း မရှိကြောင်း၊ ၄င်းတပ်ဖွဲ့ရဲ့ အမှတ်-၉တပ်ရင်းဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတာသာဖြစ်ပြီး ရဟန်းရှင်လူ၊ မိဘပြည်သူတွေကို ဘယ်တုန်းကမှ သေနတ်ပြောင်းမလှည့်ခဲ့သလို MOD အောက်က တရားဝင်တပ်ရင်းဖြစ်ကာ စစ်ကောင်စီလော်ဘီတွေတင်သလို တပ်ဖွဲ့က လုပ်တာမဟုတ်ဘဲ ယင်းအခင်းဖြစ်ပွားရာနေရာမှာ PDF လှုပ်ရှားမှုတွေ မရှိဘဲ စစ်တပ်ကင်းပုန်းဝပ်တဲ့နေရာသာဖြစ်လို့ စစ်တပ်ဘက်ကသာ ကျူးလွန်တာလို့ မနေ့ ဇွန်လ ၂၃ ရက်၊ နေ့လည် ၂ နာရီခွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now