မဲခေါင်၊ ဇွန် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ထဲက စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ လမ်းမကြီးကို စစ်ကောင်စီက မြေကော်ကားနဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းတူးဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လမ်းပိုင်း ကျင်းတူးဖြတ်တောက်လိုက်တဲ့နေရာကတော့ အကြဲကျေးရွာအုပ်စု အကြဲရွာနဲ့ ဖရောရွာအကြား ပြည်သူတွနေ့စဉ်သွားလာ အသုံးပြုနေတဲ့လမ်းမကြီးဖြစ်ပြီး အကြဲရွာအနီးအနားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူတွေကို ဒုက္ခပေးနေတာ။ အကြဲရွာအနားက လမ်းမကြီးကို စစ်ကောင်စီအဖွဲ့ကမြေကော်စက်နဲ့ ကျင်းတူးပြီး ဖြတ်တောက်လိုက်ပြီ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းကို စစ်ကောင်စီက ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံတွေသွားလာလို့မရအောင် ကျင်းတူးပြီးဖြတ်တောက်ပစ်လိုက်တာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ လမ်းပိုင်းဖြတ်တောက်လိုက်တဲ့ နေရာအနီးအနားမှာ KIA ပူးပေါင်းတက်ဖွဲ့နဲ့ စစ်ကောင်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။


“လမ်းကို ရုတ်တရက်ကြီး ကျင်းတူးပစ်တာ။ ပြည်သူတွေက ဖြတ်သွားရဖို့အရေး မနည်းလုပ်ရတယ်။ ကားတွေရော ပိတ်မိပြီလေ။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ နီးကပ်လာတဲ့ နေရာတိုင်းက လမ်း၊ တံတားတွေကို ဖျက်ဆီး ဖြတ်တောက်လေ့ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ သီပေါနဲ့ လားရှိုးအကြားက လမ်းပိုင်းနဲ့ လားရှိုးမြို့အဝင်လမ်းတွေကို သွားလာလို့မရအောင် မြေတူးဖြတ်တောက်လိုက်တဲ့အတွက် ကားတွေရာနဲ့ချီလမ်းပိတ်နေခဲ့တာ ဖြစ်ပါတယ်။
CJ-008








