မဲခေါင်၊ ဇွန် ၃
ရှမ်းမြောက်၊ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ရဲ့ အထက်တန်းကျောင်းဝန်းအတွင်းက ပညာရေးမှူးဟောင်းရုံး မီးရှို့ခံရလို့ ရုံးခန်းအတွင်းပိုင်းနဲ့ ပုံနှိပ်စာအုပ်တွေ ပျက်စီးခဲ့တယ်လို့ လက်ရှိ TNLA ရဲ့ပညာရေးမှူးရုံးက သိရပါတယ်။
ယနေ့ဇွန်လ ၂ ရက် မနက် ၅ နာရီခွဲလောက်မှာ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် ၄ မှာရှိတဲ့ အမှတ်(၁)အထက်တန်းကျောင်းဝန်းအတွင်းက ပညာရေးမှူးရုံးအဟောင်းကို အမည်မသိသူတချိုု့ရဲ့ မီးရှို့မှုကြောင့် ရုံးခန်းအတွင်း သိမ်းဆည်းထားတဲ့ သင်ရိုးညွှန်းတန်း ပုံနှိပ်စာအုပ်တွေနဲ့ ရုံးခန်းပြတင်းပေါက်တွေ မီးလောင်သွားတာလို့ ဒု-ပညာရေးမှူး မိုင်းဝင်းမောင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“လောင်တာတော့ ကြာနေပြီ၊ မနက်တွေ့တော့မှ ဒီမှာ တအာင်းရုံးသုံး စာသင်တန်းတက်နေတဲ့ ဆရာ/ဆရာမ တွေ ၀ိုင်းငြိမ်းလိုက်ကြတာ။ စာသင်ခန်းမဟုတ်ဘူး၊ ပညာရေးမှူးရုံးဟောင်း၊ ပစ္စည်းတွေသိမ်းထားတဲ့နေရာ” လို့ ဒု-ပညာရေးမှူးက ပြောပါတယ်။
မီးရှို့ခံရမှုကြောင့် ကျောင်းသားလက်ခံမယ့်ကိစ္စတွေ ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဆုံးရှုံးမှုတန်ဘိုး ကျပ် ၁၀ သိန်းခန့်ရှိခဲ့ပြီး မီးရှို့တဲ့ တရားခံပေါ်ပေါက်ရေးအတွက် TNLA မီးသတ်တပ်ဖွဲ့နဲ့ ရဲဌာနက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
တအာင်းပညာရေးကော်မတီ TLEC က ဇွန်လ ၃ရက်နေ့က ၈ ရက်အထိ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာ ဇွန် ၁၀ ရက်မှာ ကျောင်းစတင်ဖွင့်လှစ်မယ်လို့သိရပါတယ်။
MK-012








