မြန်မာ့နွေဦး

TNLA ထိန်းချုပ် ၇ မြို့နယ်အနက် ၅ မြို့နယ်မှာ ၂၄ နာရီ လျှပ်စစ်မီးပေးထားနိုင်

မဲခေါင် 30 May - 2024
စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၅ မြို့နယ်မှာ လျှပ်စစ်မီး၂၄ နာရီရရှိပြီလို့ ဒေသခံတွေနဲ့ TNLA တပ်ဖွဲ့ထံက သိရပါတယ်။

မဲခေါင်၊ မေ ၃၀

စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၅ မြို့နယ်မှာ လျှပ်စစ်မီး၂၄ နာရီရရှိပြီလို့ ဒေသခံတွေနဲ့ TNLA တပ်ဖွဲ့ထံက သိရပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးအပြီး TNLA တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့နယ် ၇ မြို့နယ်အနက် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းငေါ့တို့မှာ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး ကွတ်ခိုင်မြို့နဲ့ မိုင်းလုံမြို့တွေမှာတော့ လျှပ်စစ်မီးမပေးနိုင်သေးဘူးလို့ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောပါတယ်။
 
၂၄ နာရီ လျှပ်စစ်မီးရရှိနေတဲ့ မြို့နယ်တွေကို ပေးတဲ့ လျှပ်စစ်ဟာ တရုတ်နိုင်ငံသို့ အဓိက လျှပ်စစ်ပေးပို့နေတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းကနေ ရရှိနေတာပါ။
 
ကွတ်ခိုင်မြို့မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားခဲ့တဲ့ လျှပ်စစ်မီးတိုင်တွေနဲ့ မီးလိုင်းတွေ ပြန်လည်ပြုပြင်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှာ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ပေးနိုင်မယ်လို့ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။
 
မိုင်းလုံမြို့မှာတော့ အရင်ကတည်းက ဒီဇယ်အင်ဂျင်နဲ့ လျှပ်စစ်မီးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာဒီဇယ်စျေး အဆမတန်မြင့်တက်နေတာကြောင့် မီးမပေးနိုင်သေးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
“မိုင်းလုံကတော့ ပြုပြင်လိုက်ပြီ။ ဒါပေမယ့် ဒီဇယ်စျေးမတက်နိုင်လို့ ရပ်ထားရတယ်။ အရင်က တစ်နာရီနှစ်နာရီလောက်ပေးကြည့်သေးတယ်” ဟု တားအိုက်ကျော်က ပြောပါတယ်။
 
မြို့သိမ်းတိုက်ပွဲတွေအပြီး ရက်ပိုင်းအတွင်းမှာပဲ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ရရှိနေတာဖြစ်ပြီး မိုးကြီးလေကြီးတိုက်ခတ်ချိန်နဲ့ သစ်ပင်များပြိုလဲချိန်တွေမှာတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိတယ်လို့ နမ္မတူမြို့ခံ မွတ်ဆလင်ဘာသာဝင် အမျိုးသမီး ၁ ဦးက ပြောပါတယ်။ မီတာခကို အရင်စစ်ကောင်စီ လက်ထက်ကောက်ခံတဲ့ နှုန်းထားတွေအတိုင်းသာ ပေးဆောင်ရတယ်လို့ သူက ပြောပါတယ်။
 
စစ်ကောင်းစီထိန်းချုပ်ထားတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် မြို့ကြီးတော်တော်များများမှာတော့ တစ်နေ့ကို ပျမ်းမျှ အများဆုံး ၄ နာရီထိသာ လျှပ်စစ်မီး ရရှိနေပြီး တစ်ချို့နေရာတွေမှာ ၂ နာရီခန့်သာရရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
စစ်ကောင်စီရဲ့ မေလ၁ ရက်ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ် ရှိနေပြီး လက်ရှိမှာ ၁ ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်နိုင်တာကြောင့် လိုအပ်ချက်ရဲ့ ထက်ဝက်ခန့် သာ လျှပ်စစ်ဓာတ်အား ပေးနိုင်ကြောင်း ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ တနေ့ကို ပျမ်းမျှ ၂နာရီကနေ ၄နာရီအထိသာ ရရှိနေတာ ဖြစ်ပါတယ်။
 
မိုင်းမင်းနိုင်(Newsland Media)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now