မဲခေါင်၊ မေ ၂၉
စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းအား ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်တယ်လို့ဆိုကာ ဒီနေ့မနက်ပိုင်းက တောင်ကြီးမြို့မှာ ဖမ်းဆီးသွားတယ်လို့ ကနဦးသိရပါတယ်။
တောင်ကြီးမြို့၊ ၄မိုင်အထွက်ရှိ TBC အိမ်ယာအတွင်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ ဆိုကာ စစ်ကောင်စီနဲ့ ရဲများက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းအနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
CJ-001








