မြန်မာ့နွေဦး

အောင်ပန်း မီးလုံးယမ်းပေါက်ကွဲမှုရဲ့ လူနာ ၄ ဦးမြောက် သေဆုံး

မဲခေါင် 28 May - 2024
ရှမ်းတောင်၊ အောင်ပန်းမြို့ရဲ့ မီးလုံးယမ်းပေါက်ကွဲမှုထဲကလူနာ ၄ ဦးမြောက် မနေ့ မေ ၂၇ ရက်နေ့ ညနေက တောင်ကြီး စဝ်စံထွန်းဆေးရုံမှာဘဲ ဆေးကုသရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၂၈

ရှမ်းတောင်၊ အောင်ပန်းမြို့ရဲ့ မီးလုံးယမ်းပေါက်ကွဲမှုထဲကလူနာ ၄ ဦးမြောက် မနေ့ မေ ၂၇ ရက်နေ့ ညနေက တောင်ကြီး စဝ်စံထွန်းဆေးရုံမှာဘဲ ဆေးကုသရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၅ ရက် ညနေပိုင်းက အောင်ပန်းမြို့၊ ရပ်ကွက်(၃)၊ အေးမြင့်သာယာရပ်ကွက်မှာ မီးလုံးယမ်းပေါက်ကွဲလို့ အိမ်မီးလောင်တာအပြင် လူ ၂ ဦး ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ တောင်ကြီးစဝ်စံထွန်းဆေးရုံမှ ကုသရင်း မေလ၂၆ရက် မနက်ပိုင်းက ၁ ဦးနဲ့ စုစုပေါင်း ၂ ဦးလုံး သေဆုံးသွားခဲ့ရပြီး တစ်လထဲ ၄ ဦးထိ သေဆုံးခဲ့တာပါ။

“အခု ဆုံးသွားတဲ့သူက စတွေ့ကတဲက တစ်ကိုယ်လုံးအရေပြားတွေ လန်ကုန်တာ၊ ခြေသည်းလက်သည်းတွေပါ ကျွတ်ထွက်နေတာ အခြေအနေမကောင်းဘူး၊သူက လူငယ်ဆိုတော့ နည်းနည်း ခံနိုင်သွားတာထင်တယ်၊ သူ့ဆရာကတော့ အရင်ဆုံးရှာတယ်၊ သူက အဲဒီမီးလုံးပညာလာသင်တာလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မေလ ၁၄ ရက် ပထမ အအကြိမ်ပေါက်ကွဲတုန်းက အိမ်အဝင်မှာ ထိတဲ့ ဦးဝင်းဦးကတော့ ၄၀% မီးလောင်ကျွမ်းခံရတာကနေ ပြန်သက်သာလာနေပြီလို့ သိရပါတယ်။

ဒီ လုဖုဲင်ခေါ် မီးလုံးကို ယမ်းစပ် ယမ်းထောင်းရာမှာ ယခင်က သစ်သားဆုံ သစ်သားကျည်ပွေ့တွေကိုသာ သုံးပေမယ့် ခုနောက်ပိုင်း ကြိတ်စက်ကို အသုံးပြုလာတာရှိတယ်လို့သိရပြီး ယခု ဒုတိယပေါက်ကွဲမှုဟာ ယမ်းကြိတ်စက်ကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မီးလောင်သွားတဲ့အထဲမှာ ယမ်းကြိတ်စက်လဲပါတယ်၊ အေးသာယာ၊ တောင်ကွေ့က အနိုင်ရထားတဲ့ သိန်း ၁ ထောင်လဲပါတယ်၊ အဲ့မီးဆရာကတော့ အိမ်မှာ မရှိဘူး”လို့ ပြောပါတယ်။

ယမ်းပေါက်ကွဲပြီး လူတွေသေ၊ အိမ်မီးလောင်တာတွေကို ဥပဒေပိုင်းဆိုင်ရာအနေနဲ့ ဘယ်လို့အရေးယူတယ်ဆိုတာ မသိပေမယ့် ဖြစ်ပြီးမှအရေးယူတာထက် မဖြစ်ခင်ကို ဒီလိုမတော်တဆမှုတွေ မဖြစ်အောင် သေသေချာချာ စိစစ်တင်းကြပ်သင့်တယ်လို့ ဒေသခံတွေကဝေဖန်ကြပါတယ်။

“ရှမ်းတောင်က ရွာတိုင်းလုပ်တာ အခြားနေရာတွေ မကြားရသလောက်ပဲ၊ ရွှေညောင်မှာဖြစ်တာ၊ လူမသေဘူး၊ မီးမလောင်ဘူး၊ အခုကအနိုင်ရလိုအားကြီးနဲ့ မတော်မတည့် ယမ်းတွေ သုံးနေကြလို့ဖြစ်မယ်”လို့ ယမ်းစပ်ဆရာတစ်ဦးက သုံးသပ်ပြောဆိုတယ်လို့ သိရပါတယ်။

မီးလုံးယမ်းတွေကို အရင်က ပြည်ပက မှာယူသုံးပေမယ့် အခုက စျေးကြီးတာ၊ သယ်ယူရမလွယ်တာတွေအပြင် ဒီမှာပဲ ကျည်ဆံယမ်း၊ အမြာက်ဆံယမ်းတွေ ရတာလွယ်ကူနေလို့ အဲဒီယမ်းတွေကို စပ်ရင်း ထောင်းရင်း ကြိတ်ရင်း ဖောက်ရင်း အဆင့်တဆင့်ဆင့်မှာ ပေါက်ကွဲရတာလို့သူက ပြောပါတယ်။

ယင်းမိုးခေါ်ပွဲခေါ် ပအိုဝ်းဘာသာနဲ့ ပွယ်လူးဖုဲင် (မီးလုံးပွဲတော်) ကို ပအိုဝ်း၊ ဓနု၊ တောင်ရိုး လူမျိုးတွေ ကဆုန်၊ နယုန် လတွေမှာ ကျင်းပပြုလုပ်ကြသလို ရှမ်းတောင် နမ့်စန်မြို့က ယင်းကြားလူမျိုးတွေလဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်းမှာလည်း ကျင်းပကြတာမှာ မြန်မာပြည်တွင်းကထက် မီးလုံးပိုကြီး ပိုရှည်ပြီး ပစ်လွှတ်စင်အမြင့်ကြီးတွေအပေါ် ကြိုးဆွဲတင်ပြီး ပစ်လွတ်ကြတာရှိနေပြီး စနစ်ကျတာကြောင့် ပေါက်ကွဲမှု ဖြစ်တာမတွေ့ မကြားရဘူးလို့ သိရပါတယ်။

ယခုနှစ်မှာတော့ စစ်တိုင်းမှူးတွေကိုယ်တိုင်ဖွင့်လှစ်ပေးတဲ့ ရှမ်းတောင်က မီးလုံးအကြီးဆုံး၊ လုံးရေအများဆုံးနဲ့ ဆုကျပ်သိန်း ထောင်ချီရှိတဲ့ ပေါမူရွာ ပြိုင်ပွဲကို လုံခြုံရေးအခြေအနေအရ ပြုလုပ်မှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now