မဲခေါင်၊ မေ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ကွတ်ကျေးရွာအနီး တအာင်းတပ်ဖွဲ့(TNLA) စိုးမိုးမှုနယ်မြေအတွင်း ဆိုင်ယ်သမား ကားကိုကျော်တက်စဉ် တဖက်ယာဉ်ကြောမှလာတဲ့ ကားနဲ့တိုက်မိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက် မနက် ၉ နာရီခွဲခန့်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအထက်၊ နမ့်ခိုင်ရွာကနေ ကွတ်ခိုင်သွားတဲ့ ဆိုင်ကယ်ယာဉ်မောင်းဟာ ရှုခင်းသာတောင်ခြေအနီး ကုန်ကားကို လမ်းမရှင်းဘဲကျော်တက်လို့ ရှေ့ကမောင်းလာတဲ့ ကားနဲ့ တိုက်မိခဲ့လို့ သေဆုံးသွားတာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဆိုင်ကယ်မောင်းသူဟာ နမ့်ခိုင်ကျေးရွာက ဦးဆိုင်နယ် အသက် ၃၉ နှစ်လို့ သိရပြီး ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်နေစဉ် ဆေးရုံအရောက်မှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုအတွက် ပါဝင်သူကားယာဉ်မောင်းတွေကို TNLA ဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။








