မြန်မာ့နွေဦး

ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်က ရွာလုံးကျွတ် လျှပ်စစ်မီးပေး

မဲခေါင် 14 May - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက လျှပ်စစ်မီးမရရှိသေးတဲ့ ရွာတစ်ရွာကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ရွာလုံးကျွတ် လျှပ်စစ်မီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၁၄

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက လျှပ်စစ်မီးမရရှိသေးတဲ့ ရွာတစ်ရွာကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် – DSNDA က ရွာလုံးကျွတ် လျှပ်စစ်မီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ဒေသခံတွေအနေနဲ့တော့ အရမ်းပျော်နေကြပါတယ် အရင်ကဆို ထင်းမီးတွေနဲ့သုံးရတော့ ခုချိန်မှာ သူတို့အနေနဲ့ သဘာဝတောတောင်တွေလည်း ထိန်းသိမ်းလို့ ရသွားတာပေါ့” လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး/ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။

DSNDA အနေနဲ့ ရွာငံမြို့နယ်တွင်းက လျှပ်စစ်မီးမရသေးတဲ့ ရွာတွေကို မီးပေးနိုင်ဖို့ ကြိုးစားခဲ့ရာ ပထမဆုံးအနေနဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုလုံးကို အိမ်ပေါက်စေ့ မီးပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

လျှပ်စစ်မီးပေးခြင်းအတွက် ငွေကြေးကောက်ခံခြင်းမရှိဘဲ DSNDA ကအကုန်အကျခံပြီး ပေးတယ်လို့ ဆိုပါတယ်။ မီးစက်နဲ့မီးပေးတာဖြစ်လို့ ညဘက်ပိုင်းကို ဦးစားပေးနေတာဖြစ်ပေမယ့် ရွာအတွင်းလမ်းမီးတိုင် ၁၀၀ ခန့်ကိုလည်း ဖွင့်ပေးတယ်လို့ သိရပါတယ်။

မီးရရှိထားတဲ့ရွာအတွက် မိုးရာသီမှာ ရာသီဥတုဒဏ်ကနေ စိတ်ချရအောင် နည်းပညာပိုင်းအရ ထပ်ပြီးဖြည့်တင်း ဆောင်ရွက်တာတွေလည်း လုပ်ဆောင်သွံားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားကျေးရွာတွေအတွက်လည်း မီးရရှိဖို့ ကြိုးစားသွားမယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

DSNDF အနေနဲ့ ဒေသဖွံ့ဖြိုးရေးသာမက စစ်ဆင်ရေးတွေလည်း ပြုလုပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ရွာငံမြို့၊ ရနဲကျေးရွာ အနီးဖြတ်သွားတဲ့ တပ်မ ၅၅ လက်အောက်ခံ (ခမရ-၄၂၀)မှ အင်အား ၁၃၀ ခန့်ပါဝင်တဲ့ ယာဥ်တန်းကို ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး(DSNDF) က ကြားဖြတ်တိုက်ခိုက်ခဲံရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် (DSNDF/DSNDA) ကို စစ်အာဏာသိမ်းပြီးနောက် ဓနုပြည်သူပြည်သားတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတို့ ဆက်တိုက်ပေါ်ပေါက်လာတာကြောင့် တော်လှန်လိုချင်စိတ် ပိုမိုပြင်းထန်လာတာကြောင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ ၂ရက်နေ့မှာ ဖွဲ့စည်း တည်ထောင်ခဲ့တာ လို့သိရပါတယ်။

CJ001

ရွာငံ

DSNDF

DSNDA

လျှပ်စစ်မီးပေး

ဓနုဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now