မြန်မာ့နွေဦး

ဟိုပုံးမှာ ပြည်သူ့စစ်က မော်တော်ယာဉ်တွေကို အခွန်ကောက်လို့ ဒေသခံတွေက အခက်ကြုံ

မဲခေါင် 14 May - 2024
ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုမှာ ပအိုဝ်းပြည်သူ့စစ်(PNA)က အခု တစ်ပတ်အတ္ငင်း မော်တော်ယာဉ်တွေကို အခွန်ကောက်ခံနေပြီး စိုက်ပျိုးရာသီ နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေတယ်လို့ စုံစမ်း သိရပါတယ်။

မဲခေါင် မေ ၁၄

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုမှာ ပအိုဝ်းပြည်သူ့စစ်(PNA)က အခု တစ်ပတ်အတ္ငင်း မော်တော်ယာဉ်တွေကို အခွန်ကောက်ခံနေပြီး စိုက်ပျိုးရာသီ နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေတယ်လို့ စုံစမ်း သိရပါတယ်။

မေလအကုန် နောက်ဆုံးထည့်ဝင်ရမယ်လို့ သတ်မှတ်ထားပြီး ဒေသခံတွေအနေနဲ့ စိုက်ပျိုးစရိတ် စုဆောင်းထားတဲ့ငွေနဲ့ ဖြေရှင်းရမယ့်အပြင် ပမာဏ မပြည့်မီတာကြောင့် ရှိတဲ့ပစ္စည်းတွေ ချေးငှား ပေါင်နှံရောင်းချနေရတယ်လို့ ဆိုပါတယ်။

ကျောက်တန်းရွာခံ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက “မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးတွေ ဝယ်ဖို့ စုထားတာ အခုတော့ အကုန်ပေးရတော့မယ်။ မပေးလို့လည်းမရဘူး။ မပေးရင် ရှိတဲ့လူ စစ်မှုထမ်း ခေါ်မယ်ဆို ခက်ပြီလေ။ ရှိတာမှ ဒီသားတစ်ယောက်ပဲ ရှိတာ။ လူမသေ ငွေမရှားပေါ့နော်။ လောလောဆယ်က နီးရာဓါး ကြောက်ရတယ်” လို့ ပြောပါတယ်။

အခွန်နှုန်းထားအနေနဲ့ ဘက်ဟိုး၊ ကုန်တင်ကား၊ ထော်လဂျီတွေကို တစ်သိန်းကျပ်၊ အိမ်စီးကား တစ်စီးကို ၅ သိန်းကျပ်၊ ဆိုင်ကယ် တစ်စီးကို ၅ သောင်းကျပ် သတ်မှတ်ထားတဲ့အပြင် ကုန်စုံဆိုင်တွေကိုလည်း ဆိုင်အနေအထားပေါ် မူတည်ပြီး ၅ သောင်း/ တစ်သိန်းကျပ် ကောက်ခံနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

PNA နဲ့ နီးစပ်သူ တစ်ဦးက “ကားတွေဆိုင်ကယ်တွေ ကောက်တာက သပ်သပ်ပေါ့။ နောက်ထပ် ကျေးရွာအုပ်စု တစ်ခုလုံးစာ သိန်း ၁၅၀ သပ်သပ် ထပ်ပေးရမှာ။ အဲတာကျ တစ်ရွာလုံး မျှခံရမှာ။ သူဌေးတွေက ပိုထည့်ကြမှာပေါ့” လို့ ပြောပါတယ်။

ဧပြီလတုန်းကလည်း ကျောက်တန်းကျေးရွာအုပ်စု တစ်ခုလုံးအတွက် စစ်အသုံးစရိတ်လို့ ဆိုကာ သိန်း ၉၀၀ ကျပ် ကောက်ခံခဲ့ဖူးပြီး နိုင်ငံခြားရောက် စစ်မှုထမ်း အကြုံးဝင် အမျိုးသားတွေကလည်း လူတစ်ဦး ၃ သိန်းကျပ်နှုန်းနဲ့ စစ်မှုထမ်း လူစားထိုးစရိတ် ပေးဆောင်ခဲ့ရပါသေးတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ PNA ၂ ဖွဲ့လုံးက စစ်မှုထမ်း ခေါ်ယူနေပြီး စစ်သင်တန်း ၂ ပတ်ခန့်သာပေးကာ ရှေ့တန်း စစ်မြေပြင်ကို စေလွှတ်နေတာကြောင့် အဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေဟာ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတယ်လို့ PNA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now