မြန်မာ့နွေဦး

ကျားဖြန့် လုံးဝလက်မခံဖို့ SSPP အမိန့်ထုတ်ပြန်

မဲခေါင် 13 May - 2024
ထိန်းချုပ်နယ်မြေတွေအတွင်းမှာ တရုတ်ကျားဖြန့် အဖွဲ့တွေကို လုံးဝလက်မခံဖို့ တပ်မှူးတွေအပါအဝင် သက်ဆိုင်ရာဌာနတွေအားလုံးနဲ့ အရာရှိအရာခံ အဆင့်ဆင့်ကို ဒီနေ့ မေလ ၁၃ ရက်စွဲနဲ့ အမိန့်ကြေညာချက်တစ်စောင် SSPP က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မေ ၁၃

ထိန်းချုပ်နယ်မြေတွေအတွင်းမှာ တရုတ်ကျားဖြန့် အဖွဲ့တွေကို လုံးဝလက်မခံဖို့ တပ်မှူးတွေအပါအဝင် သက်ဆိုင်ရာဌာနတွေအားလုံးနဲ့ အရာရှိအရာခံ အဆင့်ဆင့်ကို ဒီနေ့ မေလ ၁၃ ရက်စွဲနဲ့ အမိန့်ကြေညာချက်တစ်စောင် SSPP က ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီစာမှာ စာကိုလက်ခံရရှိပြီးတာနဲ့ နေရာအနှံ့ကို စိစစ်ဆေးသွားဖို့ ညွန်ကြားထားတာတွေ့ရ
ပါတယ်။

အဲဒီထုတ်ပြန်စာမှာ တရုတ်ကျားဖြန့်လုပ်တဲ့သူတွေကို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ထိန်းချုပ်တဲ့နယ်မြေတွေအတွင်းမှာ ပုန်းအောင်း နေထိုင်ခွင့်လုံးဝ မရှိစေဖို့နဲ့ တွေ့ရှိပါက နယ်မြေအတွင်းက ချက်ချင်းမောင်းထုတ်ရမယ်လို့ ပါရှိပါတယ်။

ကျားဖြန့်တွေကို နေရာပေးပုန်းခို တိမ်းရှောင်ခိုင်းတဲ့သူ ပြည်သူဖြစ်စေ၊ စစ်သားဖြစ်စေ ဘယ်သူ့ကိုမဆို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်မှာဖြစ်ပြီး ပုန်းခိုအောင်းတဲ့ နေရာတွေကိုပါ သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်သူတွေကိုလည်း ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲအပ်ပေးသွားမယ်လို့ ပြောပါတယ်။

အဲဒီအမိန့်စာကို SSPP/SSA စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးခေးတိုင်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဒေသထဲမှာ ရှိ၊ မရှိ မဲခေါင်အနေနဲ့စုံစမ်းမေးမြန်းရာမှာတော့ မိုင်းရှူးဒေသခံတစ်ဦးက “ဒီမှာက မီးလဲမမှန်၊ ဖုန်းလိုင်းကလည်း မကောင်းနဲ့ ကျားဖြန့်ကတော့ လုံးဝမရှိပါဘူး။ ဒေသလောင်းကစားကတော့ ရှိတယ်။ ဒါကလဲ ပြည်သူ့စစ်တွေနဲ့ပဲလုပ်ကြတာ” လို့ မဲခေါင်ကိုပြောပါတယ်။

အခြားရှမ်းတောင်မြို့နယ်တွေဖြစ်တဲ့ မိုးနဲ၊ နမ့်စန်၊ လင်းခေး၊ ကျေးသီး၊ မိုင်းနောင်ဘက်တွေမှာလည်း ကျားဖြန့်လုပ်ငန်းတွေ မရှိနိုင်ဘူးလို့ အဲဒီဒေသခံက သူ့ရဲ့အမြင်ကို ပြောပါတယ်။

နမ့်စန်ဧရိယာဖြစ်တဲ့ ပန်လျန်းဆိုင်က မတ်ကျန်းပြည်သူ့စစ်နဲ့ နားရိုင်းဘက်မှာတော့ တရုတ်လူမျိုးတွေရှိနေပေမယ့် လောင်းကစားဝိုင်းတွေသာရှိပြီး ကျားဖြန့်လုပ်ငန်းတွေ မတွေ့ရဘူးလို့ နမ့်စန်ဒေသခံတစ်ဦး ကပြောပါတယ်။

“ဟိုတလောကပဲ တရုတ်တွေထောင်နဲ့ချီဖမ်းပြီး တရုတ်ပြည်ကို ပြန်ဖို့တာ အများကြီးပဲ၊ ကျားဖြန့်လားဘာလားတော့မသိဘူး” လို့ သူက ပြောပါတယ်။

ရှမ်းမြောက်ဒေသတွေဖြစ်တဲ့ ကျောက်မဲ၊ သီပေါမြို့တွေမှာလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်း မရှိကြောင်းဒေသခံတွေထံက သိရပါတယ်။

SSPP အနေနဲ့ ကျားဖြန့်လုပ်သူ ၈၈ ဦးကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်က ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တယ် သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီမတိုင်ခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်ကတည်းကပင် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး က အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနက စုံစမ်းရေးသားဖော်ပြတဲ့ “မိုင်းရယ် ဒေသမှာ ခြေကုပ် ယူလာတဲ့ တရုတ်နိုင်ငံသားတွေ ဉီးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း” ဆိုတဲ့ သတင်းဆောင်းပါးမှာ အဲဒီဒေသဟာ SSPP လှုပ်ရှားတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဖော်ပြထားတဲ့အပေါ် SSPP က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

MK – 012

ပုံအညွှန်း – SSPP က နမ့်ခမ်းမြို့မှာ ကျားဖြန့်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now