မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

မဲခေါင် 11 May - 2024
ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက် လက်နက်ခဲယမ်း၊ ယူနီဖောင်းနဲ့ စားနှပ်ရိက္ခာတွေ ခက်ခဲလာတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၁၁

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် – ၁၀၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက် လက်နက်ခဲယမ်း၊ ယူနီဖောင်းနဲ့ စားနပ်ရိက္ခာတွေ ခက်ခဲလာတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တပ်သားသစ်တွေတိုးလာသလို တဖက်ကလည်း စားနပ်ရိက္ခာ ခက်ခဲလာနိုင်တဲ့အတွက် ပူပင်မှုတွေရှိနေပြီး တပ်ဖွဲ့ဝင်တွေ စိတ်ဓါတ်မကျအောင် တပ်ရင်းမှူးတွေက နေ့စဉ်နဲ့အမျှ တပ်ရင်းတပ်ဖွဲ့ လိုအပ်မှုတွေအတွက် လှုံ့ဆော်ပေးနေရတယ်လို့ ဆိုပါတယ်။

တပ်ရင်းမှူး အင်းဆားကူးက “အခုက တပ်ရင်းမှာ လူအရမ်းများလာပါပြီ။ အဲဒီအတွက် ကျနော်တို့ လက်နက်ခဲယမ်းကတော့ ဝယ်ယူမှုကို ရပ်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်များလာတာနဲ့အမျှ စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်လာတဲ့အတွက်ပေါ့။ အခုစစ်မီးက ညောင်ရွှေမြို့နယ်ကို ကူးစက်လာပါပြီ။ အဲဒါက ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအတွက် လက်နက်ခဲယမ်း အများကြီး လိုအပ်ပါတယ်။ ဒီအပေါ်မှာ လူကြီးတွေ ဘယ်လိုဖြေရှင်းပေးမလဲလို့ စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

IPDF ဟာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ တပ်ရင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (MOD)က လစဉ် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးထားပေမယ့် အသစ်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ စစ်ဝတ်တန်ဆာ ဆင်ယဉ်ပေးတာမျိုး မရှိသေးဘူးလို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒါ့အပြင် လစဉ် ထောက်ပံ့တဲ့ သိန်း ၁၀၀ ဟာလည်း ဒီနေ့ခေတ် ကုန်ဈေးနှုန်းအရ ရိက္ခာအတွက် ကုန်ကျစရိတ်ပင် မကာမိတာကြောင့် အင်းလေးဒေခံ ထောက်ပို့တွေကိုသာ အားကိုးနေရတယ်လို့ ဆိုပါတယ်။

“လက်နက်ခဲယမ်း မရှိတဲ့အတွက် ရဲဘော်တွေ စိတ်ဓါတ်ကျမှာ စိုးရိမ်ရတယ်။ အဲဒါကို အထက် NUG MOD လူကြီးပိုင်းတွေ အနေနဲ့ ဘယ်လို လုပ်ပေးမလဲလို့ ပူဆာစရာ ရှိတာ ပူဆာတယ်။ သို့သော်လည်း သင်တန်း အပတ်စဉ် ၂ ခု ရှိပါပြီ။ ဘာမှမထူးသေးပါဘူး။ ကျနော်တို့မှာ အပတ်စဉ် ၂ ခုလုံးအတွက် ဘာထောက်ပံ့မှုမှ မရသေးပါဘူး” လို့ ပြောပါတယ်။

ကရင်နီပြည် လွတ်မြောက်နယ်မြေ တစ်နေရာမှာ မေလ ၇ ရက်နေ့က IPDF အပတ်စဉ် ၈ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး တပ်သားသစ် ၁၀၀ ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

IPDF အနေနဲ့ အခြေခံ စစ်သင်တန်း ၄၅ ရက် သင်ကြားပြီးတဲ့နောက်မှာ တိုက်ခိုက်ရေးအပြင် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် ဆက်သွယ်ရေး၊ တိုက်ခိုက်ရေး၊ ဒရုန်း၊ ထောက်ပို့ ၊ မိုင်း စတဲ့ကဏ္ဍတွေမှာ တာဝန်ခွဲဝေပေးကာ သက်ဆိုင်ရာ သင်တန်းတွေ ဆက်လက် တက်ရောက်နိုင်ဖို့ ချိတ်ဆက်ပေးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now