ဒေသတွင်းသတင်း

တရုတ်နယ်စပ်ဘက်က မြန်မာလုပ်သားတွေ နေ့တိုင်း‌ပြန်ပို့ခံနေရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရ

မဲခေါင် 8 Apr - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ လတ်တလော တရုတ်နယ်စပ်ဘက်က မြန်မာ လုပ်သားတွေ နေ့တိုင်း‌ မြန်မာဘက်ပြန်ပို့ခံရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၈

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ လတ်တလော တရုတ်နယ်စပ်ဘက်က မြန်မာ လုပ်သားတွေ နေ့တိုင်း‌ မြန်မာဘက်ပြန်ပို့ခံရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“တခါသုံး တပတ်ကဒ်ရော၊ စာအုပ်အနီရော သက်တမ်း ကုန်နေတဲ့ လူတွေကို ဖမ်းပို့နေတာ နေတိုင်းပဲ။ အလုပ်မရှိရင်လည်း မရဘူး။ ခုက အလုပ်ရှာပေးတဲ့ ကုံးတေမှာပါ လိုက်ဖမ်းဝာ။ ဟိုတယ်တွေ မှာကောပဲ။ အလုပ်မရ‌‌သေးလို့ ပုန်းနေရသူတွေလည်းများတယ်” လို့ နယ်စပ်ဒေသခံ တစ်ဦးကပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ရှိသူတွေကိုသာ တရုတ်နယ်စပ်ထဲမှာ တရားဝင်အလုပ်လုပ်ခွင့် ပြုပြီး ယာယီ နယ်စပ်‌ဖြတ်ကျော်ခွင့် တခါသုံး ကဒ်က ၇ ရက်သာ သက်တမ်းရှိပြီး တရားဝင် အလုပ်လုပ်ခွင့်မရှိကြပါဘူး။

မြန်မာလုပ်သားတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် အလုပ်ရှားပါးပြီး တရုတ်နယ်စပ်ဘက်မှာ တခါသုံးကဒ်နဲ့ ဝင်ရောက်ကာ အလုပ်လုပ်ကြသလို ဝင်ပြီးရင်ပြန်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

“ဒီရွှေလီမှာ တရားဝင် သိရသလောက် မြန်မာလုပ်သား ၅ သိန်းထက် မနည်း ရှိလာတယ်။ ရွှေလီမှာ လူအဲ့လောက်အတွက် အလုပ်မပေးနိုင်ဘူးလေ။ အလုပ်မရတော့ မြန်မာနိုင်ငံသားတွေက ဟိုတယ်၊ တည်းခိုခန်းနဲ့ အိမ်ခန်းတွေ မငှားနိုင်ဘူး။ အဲဒီခါကျဝော့ လမ်းဘေးအိပ်ကြတာ” လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ မညီသလို မြို့ပြအင်္ဂါရပ်‌တွေနဲ့လည်း မညီဘဲ သရုပ်ပျက်တာကြောင့် ဖမ်းဆီးလာတာလို့ ဆိုပါတယ်။

“တရုတ်ဘက် ဝင်ရင် တရုတ်ပိုက်ဆံအနည်းဆုံး ယွမ် ၅၀၀ မပါရင် မဝင်ချင်ဘူးဆိုတာ ဟုတ်တယ်။ တချို့က ပိုက်ဆံလည်း မပါလာဘူးဆိုတော့ ထမင်းလည်း မစားရ အဲလို ဒုက္ခရောက်လို့လေ။ အလုပ်ကလည်း မရှိဆိုတော့” လို့ ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်‌မှာ ကိုဗစ်ရောဂါကာလ ကတည်းက နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က နားလည်မှုနဲ့ ဧည့်စာရင်း QR Code လုပ်ပေးပြီး အလုပ်လုပ်ခွင့် ပေးထားပေမယ့် လက်ရှိမှာတော့ လာမယ့် မေလကုန် နောက်ဆုံးထားပြီး ‌နေထိုင်ခွင့် သက်တမ်းကုန်လွန်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပြီး စာရွက်စာတမ်း အသစ်လုပ်ပြီး ပြန်ဝင်လာဖို့ သတိပေးထားပါတယ်။

နေထိုင်ခွင့် သက်တမ်းလွန်တာဖြစ်ဖြစ်၊ အထောက်အထား အစုံအလင် မရှိတာဖြစ်ဖြစ် တရုတ်ဘက်က ဖမ်းဆီး မိပါက စစ်ဆေးပြီး မြန်မာဘက် ပြန်ပို့မယ့်အပြင် ပြစ်မှုပေါ်မူတည်ကာ တစ်နှစ် ကနေ ၅ နှစ် အထိ တရုတ်ပြည်ဝင်ခွင့် ပိတ်သွားမယ်လို့ ဆိုပါတယ်။

တရုတ် ဘက်ရော မြန်မာဘက်ရော လက်ရှိ နှစ်နိုင်ငံ နယ်စပ် ဥပဒေအရ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ခရိုင်အတွင်းထဲက အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကိုသာ တရားဝင် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် ထုတ်ပေးတာဖြစ်ပါတယ်။

Video Crd# CJ
CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now