မြန်မာ့နွေဦး

ရပ်စောက်၊ ကောင်းဘို့မှာ PNO တွေက မူးယစ်ဆေးသုံးစွဲတယ်လို့ဆိုကာ ရွာသားအယောက် ၂၀ ကို ဖမ်းဆီး၊ ၉ ယောက်ကို ထောင်ချ

မဲခေါင် 18 Dec - 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာမှာ PNO ပအိုဝ်းပြည်သူ့စစ်တွေက မူးယစ်ဆေးသုံးစွဲသူတွေလို့ဆိုကာ ရွာသား အယောက် ၂၀ ကို တနေရာတည်းမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာမှာ PNO ပအိုဝ်းပြည်သူ့စစ်တွေက မူးယစ်ဆေးသုံးစွဲသူတွေလို့ဆိုကာ ရွာသား အယောက် ၂၀ ကို တနေရာတည်းမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်နေ့ ည ၈နာရီခွဲအချိန်ခန့်က PNO ပအိုဝ်းပြည်သူ့စစ် အင်အား ၅၀ ခန့်၊ ဓနုတိုင်းရင်းသားများအဖွဲ့ချုပ် ဥက္ကဌ ဦးဘမော်တို့နဲ့အတူ ဒေသခံ ပျူစောထီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးငွေစိုး ဆေးဆရာကိုဇော်၊ ကျော်ပဲတို့က မူးယစ်ဆေးသုံးတဲ့ ဒေသခံတွေကို လာရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

“လာဖမ်းတာက PNO၊ ရဲ၊ ခွေး(စစ်ကောင်စီ) မပါဘူး။ ဆေးသုံးတဲ့ လူငယ်အများစုပါတယ်၊ တချို့ကျတော့ ခြံသွားခြံလာလည်း ဖမ်းတဲ့ထဲပါတယ်။ အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက တောသူဌေးတွေ။ ဖမ်းပြီးတော့ သေနတ်ဖောက်သွားသေးတယ်။ ဘာလို့ဖမ်းမှန်းမသိဘူး။ နှစ်ကုန်လို့ အမှုရှာတာလား ငွေရှာတာလားမသိ” လို့ ကောင်းဘို့ကျေးရွာသား တစ်ဦးကပြောပြပါတယ်။

အဖမ်းခံရတဲ့ထဲမှာ အမှန်တကယ် မူးယစ်ဆေးသုံးစွဲနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေအပြင်၊ ခြံလုပ်တဲ့သူတွေပါပါတယ်လို့ သိရပါတယ်။ သူတို့ကို ညတွင်းချင်း ရပ်စောက်မြို့နယ် ရဲစခန်းကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့သူ အယောက် ၃၀ ဟာ ကောင်းဘို့ကျေးရွာအုပ်စုတွင်းရှိ ရွာတွေကဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေရဲ့ မိဘတချို့က ငွေကြေးတတ်နိုင်တာကြောင့် ရဲစခန်းမှာ ငွေပေးပြီး လွှတ်ပေးဖို့ ညှိနှိုင်းပေမယ့် မလွှတ်ပေးဘဲ မနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က လူငယ် ၉ဦးကို ထောင်ချလိုက်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ၁၁ ဦးကတော့ အခုထိ ရပ်စောက်မြို့နယ်ရဲစခန်းမှာပဲ ရှိနေပြီး မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဥ်ပြီးနောက် ဓနုတိုင်းရင်းသားများအဖွဲ့ချုပ် ဥက္ကဌ ဦးဘမော်တို့နဲ့အတူ ဒေသခံ ပျူစောထီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးငွေစိုး ဆေးဆရာကိုဇော်၊ ကျော်ပဲ နဲ့အတူ စစ်ကောင်စီ ၃ ဦးပေါင်းပြီး ကောင်းဘို့ကျေးရွာအုပ်စုတွင်းက ရွာတွေမှာ ရပ်ကွက်လုံခြုံရေးအတွက် ဟုဆိုကာ တအိမ်လျှင် ကျပ် ၅၀၀၀ မှ ၂၀၀၀၀ အထိ လိုက်လံကောက်လံနေတယ်လို့ သိရပါတယ်။

ကောင်းဘို့ကျေးရွာဟာ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မှာရှိပြီး ရပ်စောက် – လှိုင်းတက်လမ်းပေါ်တွင်ရှိပြီး ဓနုဒေသနဲ့ဆက်စပ်နေတာကြောင့် အချက်အချာကျတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ အရင်ကတည်းက မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး အရေးယူတာမျိုး လုပ်လေ့မရှိတဲ့အတွက် မူးယစ်ဆေးသုံးစွဲသူ များပြားတယ်လို့ နာမည်ကြီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒေသခံရွာသားအများစုဟာ လိမ္မော်ခြံစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါတယ်။

CJ001

#MeKongNews

#ရပ်စောက်

#ကောင်းဘို့

#စစ်ကောင်စီ

#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now