မြန်မာ့နွေဦး

၁၅ ရက်အတွင်း တရုတ်မှာ ၆၂ သန်းကိုဗစ်ကူးစက်နိုင်လို့ ဆေးလုံးလောက်အောင်ထုတ်ဖို့ ရှီကျင်းဖျင် ဖိအားပေး

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ တရုတ်နှစ်သစ်ကူးကာလ လည်ပတ်ချိန်ရောက်ရှိနေတာကြောင့် ဇန်နဝါရီ ၁၃ ရက်ကနေ ၂၇ ရက်အထိ ၁၅ ရက်တာကာလအတွင်း တရုတ်နိုင်ငံမှာကိုဗစ်ကြောင့် သေဆုံးနှုန်း ၁၀ ဆ မြင့်တက်ဦးမယ်လို့ ဟောင်ကောင် တက္ကသိုလ်က ခန့်မှန်းချက်ထုတ်ပြန်ခဲ့ပြီး ဒီ ၁၅ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူပေါင်း ၆၂ သန်းရှိလိမ့်မယ်လို့ လေ့လာဖော်ပြခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

တရုတ်နှစ်သစ်ကူးကာလ လည်ပတ်ချိန်ရောက်ရှိနေတာကြောင့် ဇန်နဝါရီ ၁၃ ရက်ကနေ ၂၇ ရက်အထိ ၁၅ ရက်တာကာလအတွင်း တရုတ်နိုင်ငံမှာကိုဗစ်ကြောင့် သေဆုံးနှုန်း ၁၀ ဆ မြင့်တက်ဦးမယ်လို့ ဟောင်ကောင် တက္ကသိုလ်က ခန့်မှန်းချက်ထုတ်ပြန်ခဲ့ပြီး ဒီ ၁၅ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူပေါင်း ၆၂ သန်းရှိလိမ့်မယ်လို့ လေ့လာဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နဲ့ ဇန်နဝါရီ ၁၂ ရက်ကြား ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၆၀၀၀၀ ကျော်ရှိခဲ့တယ် လို့ တရုတ်အစိုးရက ထုတ်ပြန်ခဲ့မှုဟာ ဆေးရုံပေါ်မှာ သေဆုံးနှုန်းသာဖြစ်ကြောင်းနဲ့ အမှန်တကယ်သေဆုံးမှုဟာ ၁၀ ဆ မက ပိုများတယ်လို့ ဟောင်ကောင်တက္ကသိုလ်က ဆိုပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၇ ရက်အတွင်း တရုတ်နိုင်ငံအနှံ ကိုဗစ်ကူးစက်မှု ၆၂ သန်းရှိရာ မှာ ဇန်နဝါရီ ၂၆ ရက်နေ့တစ်ရက်တည်းမှာပဲ သေဆုံးနှုန်း အမြင့်ဆုံးအဖြစ် ၃၆၀၀၀ သေဆုံးလိမ့်မယ်လို့ ဟောင်ကောင်တက္ကသိုလ်က ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်တွေကို တရုတ်အစိုးရက ဝန်မခံပေမယ့် ဒီတစ်ပတ်ထဲ တရုတ်ဆေးဝါးထုတ်လုပ်ရေး စီမံခန့်ခွဲမှုဌာနက အစည်းအဝေးလုပ်ရာမှာ ကိုဗစ်ဆက်စပ်ဆေးတွေကို လုံလောင်အောင် ထုတ်ထားဖို့နဲ့ စျေးမတက်ခိုင်းသလို ဆေးဝါးအတုတွေကို စျေးကွက်ထဲမှာ လိုက်လံသိမ်းဆည်းအရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်တယ်။

တရုတ်သမ္မတရှီကျင်းဖျင့်ကလည်း “အားလပ်ရက်ခရီးသွားတွေဟာ ကျေးလက်ဒေသတွေကို ပြန်သွားကြရာက ဒီလိုဒေသတွေမှာ ကူးစက်မှုနှုန်း အုံကြွခဲ့ရင် ပြဿနာများမယ်။ ကျေးလက်ဒေသတွေမှာ ဆေးဝါးလိုအပ်ချက်က ပိုများလာမယ်။ ဒီလိုလူတန်းစားတွေအတွက် စိုးရမ်တယ်။ ဒါကြောင့် အဖျားပျောက်ဆေးနဲ့ ကိုဗစ်ဆက်စပ် ဆေးဝါးတွေ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ထားကြဖို့ တိုက်တွန်းစေခိုင်းထားပါတယ်။ ကျွန်တော်တို့ ကိုဗစ်နဲ့ပတ်သက်လို့ ဖိအားဒဏ်တွေကို လက်ရှိလည်း ခံနေရတုန်းဆိုတာ သတိပြုဖို့လိုပါတယ်” လို့ နိုင်ငံ ပိုင်မီဒီယာကနေ ထုတ်လွှင့်ပြောကြားသွားပါတယ်။

MKF – 001
Ref: trtworld

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now