မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅ ရက်အတွင်း လက်နက်ချ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော်သေဆုံး

မဲခေါင် 30 Jun - 2024
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၃၀

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်က စခဲ့တဲ့ TNLA၊ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမှာ ဇွန် ၂၉ ရက်နေ့အထိ ၅ ရက်တာအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးကနေ တပ်သားအဆင့် အထိ ၅၃ ဦး လက်နက်ချ အလင်းဝင်ခဲ့လို့ PSLF/TNLA သတင်းစဉ်က ဖော်ပြလာပါတယ်။

ရှမ်းမြောက် နောင်ချိ၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ် မြို့နယ်တွေက တိုက်ပွဲတွေမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ တကက ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတက ၉ ဦးနဲ့ တပ်သား ၁၉ ဦး စုစုပေါင်း ၅၃ ဦး လက်နက်ချခဲ့တာလို့ သိရပါတယ်။

နောင်ချိုက ခမရ-၁၁၄ ကို သိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ၆၄ လက်နဲ့ ဂျမ်မာ ၂ ခု၊ ဗုံး၊ မိုင်းနဲ့စကားပြောစက်တွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ နောင်ချို ရှုခင်းသာ က ခလရ-၁၄၆ တပ်စခန်းကို မနေ့က မနက် ၇ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မိုးကုတ်က စစ်ကောင်စီတပ်စခန်း အောင်သာယာနဲ့ အာကာမိုးစခန်းတွေမှာ စစ်ကောင်စီအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

မိုးမိတ်မှာတော့ မနေ့ ဇွန်လ ၂၉ ရက် မနက် ၅း၂၀ အချိန်ကစပြီး ရွှေဆာလီရွာ၊ လွယ်ဝိန်းရွာ၊ နဲ့ လယ်ကြီးရွာတွေ စကခ(၂၁) ခလရ(၂၂၃)၊ ခမရ(၃၄၈) တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၅ ရက်တာကာလအတွင်း ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် ၃ မြို့မှာ ဒေသခံအရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦးထိရှိခဲ့တယ်လို့ သိရပြီး နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် မြို့တွေက စစ်ရှောင် ၃၀၀၀ နီးပါး အထိရှိနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း စစ်ဘေးရှောင် တစ်သောင်းခွဲကျော်နဲ့ အရပ်သား သေဆုံး ၃၀ ၊ ဒဏ်ရာရ ၃၀ ဦးတို့ရှိခဲ့

ရှမ်းမြောက်မှာ ဇွန်လ ၂၅ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တကျော့ပြန်တိုက်ပွဲတွေအတွင်း ရှမ်းမြောက်မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ ဇွန်လကုန် ၃၀ ရက်နေ့အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဒေသခံတွေကို ပစ်ခတ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရဲ့ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားပြီး ဖြတ်သွားဖြတ်လာမြို့ခံတွေနဲ့ လူနေအိမ်တွေကို ချောင်းမြောင်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်နေပြီး ဒေသခံတွေ ပိတ်မိနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား လက်ရှိချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ခံပြည်သူ အများစုဟာ ပိတ်မိနေကြတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း နည်းပညာသတင်း မြန်မာ့နွေဦး

ဆောင်းပြောင်းနဲ့ ပင်လောင်း၊ ဖယ်ခုံ အနောက်ဖက်တကြောလုံး တိုက်ပွဲတွေ ပြင်းထန်နေဆဲ

ရှမ်းတောင်၊ ပင်လောင်း၊ ဖယ်ခုံတကြော ဆောင်းပြောင်းမှာ စစ်ကောင်စီတပ်၊ PNAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ဆဲလို့ စစ်မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now