မြန်မာ့နွေဦး

၀ိုင်းမော်မြို့နယ် ခမရ (၃၂၁) တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး စစ်ကောင်စီတပ်ဖွဲ့ကို ထိမှန်လို့ အထိနာ

မဲခေါင် 9 Oct - 2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀ နာရီ မိနစ် ၄၀ ဝန်းကျင်က စစ်ကောင်စီ ခမရ (၃၂၁) တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဒဘတ်ရွာ အနီးက စစ်ကောင်စီတပ်ဖွဲ့ကို ထိမှန်လို့ စစ်ကောင်စီဘက်က ထိခိုက်မှုများပြီး ဖရိုဖရဲ ဖြစ်သွားတယ် KIA သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀ နာရီ မိနစ် ၄၀ ဝန်းကျင်က စစ်ကောင်စီ ခမရ (၃၂၁) တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဒဘတ်ရွာ အနီးက စစ်ကောင်စီတပ်ဖွဲ့ကို ထိမှန်လို့ စစ်ကောင်စီဘက်က ထိခိုက်မှုများပြီး ဖရိုဖရဲ ဖြစ်သွားတယ် KIA သတင်းရင်းမြစ်တွေထံက သိရပါတယ်။

၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ (၃၂၁) တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ဒဘတ်ရွာ အလွန်က စမားလမ်းဆုံ အနီးဝန်းကျင်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အလယ်မှာ ကျရောက် ပေါက်ကွဲတာလို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ စစ်ကောင်စီတွေ တော်တော်ထိ သွားပုံရတယ်။ ဖရိုဖရဲ နဲ့ စကားတွေ‌များ ရန်တွေရော ဖြစ်ကြတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၇ ရက်နေ့၊ မွန်းတည့်ချိန်မှာ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်-မြစ်ကြီးနားလမ်းရှိ ဂျာပူ အနီး၊ မလိယန်ဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အင်အား ၈ ဦး လာချရာ တစ်ဦး ပြုတ်ကျ သေဆုံးသွားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ ပထမက ၅ ဦးချတာ။ နောက်တော့ ၃ ဦး ထပ်ချတယ်။ အဲဒီမှာ စစ်သား တစ်ဦးက လေထီးက ချွတ်ယွင်းချက် ဖြစ်သွားတာ ထင်တယ်။ လေဟာနယ်ကနေ ကျသွားတာ။ သေပြီလေ” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

လေယာဉ်နဲ့ လာချသူတွေဟာ ဒရုန်းနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ဖြစ်နိုင်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ ဗန်းမော်နဲ့ မြစ်ကြီးနားဘက်ကနေ လိုင်ဇာ အနီး၊ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးကာ အင်အား အဆက်မပြတ် ဖြည့်နေပြီး ဗန်းမော်-နမ်ဆန်ယန်-မြစ်ကြီးနား လမ်းမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်း တိုက်ပွဲ ဖြစ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

CJ-008

#MeKongNews

#ဝိုင်းမော်မြို့နယ်

#KIA

#လိုင်ဇာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now