မြန်မာ့နွေဦး

အုတ်ဖိုမြို့နယ် ပျူစောထီးနေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပဲခူး PDF ဝင်ပစ်

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ရာအိမ်မှူး ပျူစောထီး မျိုးဝင်း ဆိုသူရဲ့ နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ပစ်ခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၁၀

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ရာအိမ်မှူး ပျူစောထီး မျိုးဝင်း ဆိုသူရဲ့ နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ပစ်ခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန်ပါတယ်။

ရာအိမ်မှူး ပျူစောထီး မျိုးဝင်းဟာ မိသားစုတွေကို ခမရ (၆) ထဲမှာ သွားနေခိုင်းပြီး ထန်းပင်ကုန်း နေအိမ်ကို စစ်ကောင်စီ ကင်းစခန်း အနေနဲ့ အသုံးပြုနေတယ်လို့ သိရတာကြောင့် ပဲခူး PDF က မနေ့က မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် ပျူစောထီး မျိုးဝင်း နေအိမ်က စစ်သားတွေ အထိအခိုက်ရှိမရှိ စုံစမ်းနေဆဲပဲလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) နဲ့ တပ်ခွဲ (၅) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်မှုတွေ ရှိပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက် မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေကလည်း နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ခမရ (၄၄၀) ဂိတ်နဲ့ (၇၂) မိုင် ဂိတ်ကို ပဲခူး PDF က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်နဲ့ ကားတစ်စီး သိမ်းမိ

မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာသူတွေကို ငွေတောင်းနေ

စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မဲနှိုက်ခွင့်မပေးဘဲ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာ

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နိုင်ငံရေးပို့စ်တွေ မျှဝေလို့ အင်းလေးဒေသခံ ၂ ဦး ဖမ်းခံရ

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိတ်ဖြူမြို့နယ်က စစ်ကောင်စီ ကပစ-၂၁ ကို PDF တိုက်ခိုက်

ဆိတ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ-၂၁ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ) ကို ဧပြီ ၁၆ ရက် မနက်ပိုင်းက PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သင်္ကြန်ကာလ ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီအရာရှိတွေအပါ ၁၅ ယောက်သေဆုံး

ဆီဆိုင်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီ အရာရှိတွေအပါ ၁၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ PNLA က ဧပြီလ ၁၆ ရက်ည က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ကနေပြောင်းဖို့ စစ်ကောင်စီပြင်ဆင်

NLD ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ကနေ ပြောင်းရွေ့လိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာတိုက်ပွဲ စစ်ကောင်စီ ၂၁ ယောက်သေ၊ မန္တလေး PDF ဘက်ကလည်း ကျဆုံးမှုတွေရှိ

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက်သေတယ်လို့ မန္တလေး PDF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now