မဲခေါင်၊ ဇူလိုင် ၁၉
ရန်ကုန်မြို့ တစ်နေရာမှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၆) နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်လူငယ်တော်လှန်ရေးအင်အားစုများက “ အာဇာနည်မျိုး သေရိုးမရှိ” စာသား ချိတ်ဆွဲ ခဲ့ကြပါတယ်။
နွေဦး အာဇာနည်များ၊ ဒီမိုကရေစီ အာဇာနည်များကို မမေ့ရန်၊ သတိတရဖြစ်စေရန် ရန်ကုန်တော်လှန်ရေး လူငယ်အဖွဲ့များက စာသား ချိတ်ဆွဲပြီး အများပြည်သူကို သတိပေး တိုက်တွန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ယနေ့ ကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့မှာ ရွှေတိဂုံစေတီ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်တထောင်ရှိ ဝန်ကြီးများရုံး (ခေါ်) အတွင်းဝန်ရုံး တွေမှာ လူစည်ကားစေရန်အတွက် မြို့နယ် ထွေအုပ်များ အနေနဲ့ တစ်မြို့နယ် လူ ၅၀ စီနဲ့ လာရောက် အလေးပြုလည်ပတ်ကြရန် အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်တိုင်းရှိ ကားများဟွန်းတီးရန်နဲ့ မီးသတ်စခန်းများက ဥဩများဆွဲကြရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
MK-005
#MekongNews
#အာဇာနည်
#ရန်ကုန်မြို့