မဲခေါင်၊ဇူလိုင် ၁၉
ဒီကနေ့ ဇူလိုင်လ ၁၉ ရက်မှာကျရောက်တဲ့ (၇၆) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို တောတွင်း တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရဲဘော်အများစုဟာ ရှေ့တန်းစစ်မျက်နှာမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာကြောင့် နောက်တန်းရဲဘော်အနည်းငယ်နဲ့သာ အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ စစ်ကြောင်း ၆ ကြောင်းနဲ့ မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်တွေကြောင့် စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့ ကာလလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ MDY PDF တို့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်အရာရှိတွေ အပါအဝင်စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။
MK-007
#MekongNews
#MDY_PDF
#အာဇာနည်နေ့
#နောင်ချိုမြို့နယ်