မဲခေါင်၊ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ရပ်ကျေး ပ.က.ဖ စခန်း တစ်ခု ဇူလိုင်လ ၂၆ ရက် မနက် အစောပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်း ခံခဲ့ရတဲ့အတွက် ရဲဘော် ၄ ဦး ကျဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေက အသက် ၂၂ နှစ်အရွယ် ရဲဘော် ၂ ဦး၊ ၂၃ နှစ်အရွယ် ရဲဘော် တစ်ဦးနဲ့ အသက် ၃၀ အရွယ် ရဲဘော် တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စခန်းနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စခန်းတဲ ၂ လုံး၊ သေနတ် ၂ လက်၊ ဆိုင်ကယ် တစ်စီးနဲ့ ကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
MK-005
#Mekongnews
#အရာတော်မြို့နယ်
#ပ.က.ဖ
#ကျဆုံး