မြန်မာ့နွေဦး

အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ် နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့ ယာယီသမ္မတပြော

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ တော်လှန်ရေး သက်လုံမြှင့်ထားပြီး အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

တော်လှန်ရေး သက်လုံမြှင့်ထားပြီး အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက် ၁၀ နာရီမှာ ကျင်းပတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၄) ကြိမ်မြောက် ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာပါ။

“ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” လို့ ယာယီသမ္မတက ထည့်သွင်းပြောကြားပါတယ်။

လက်ရှိကာလမှာ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုကြရတော့မယ် ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့ သိရှိလာကြပြီ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“ယခင်တုန်းက လက်နက်ကိုင်ခုခံ တော်လှန်မှုကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အများအပြား ရှိခဲ့တယ်။ ယခု လက်ရှိကာလမှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကို ဗဟိုပြုထားကြရတော့မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့ သိလာကြပါပြီ။ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေး ပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ ခဲ့ပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင် ကကြရမယ်လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်” လို့ ယာယီသမ္မတက ပြောသည်။

ဒါ့အပြင် ခုခံတော်လှန်စစ်ကို ဒီထက် အောင်မြင်အောင် ကြိုးပမ်းရမှာ ဖြစ်ပြီး အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက် ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်လို့ သူက ထပ်မံပြောကြားပါတယ်။

တော်လှန်ရေးကာလ အတွင်း မိမိတို့ တစ်ဦးချင်းစီအလိုက် ကိုယ့်ရဲ့ ခေါင်းဆောင်မှု ကိစ္စတွေကို ပြန်လည် သုံးသပ်တာ မျိုးတွေ လုပ်ရမှာ ဖြစ်သလို၊ ဝန်ကြီးဌာနအလိုက် ကိုယ့်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို ဘယ်လောက်ထိ ပီပီပြင်ပြင် ကျကျနန လုပ်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ကြရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ ဒါ့အပြင် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်မယ့်အချိန်ရောက်ရင် ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးတွေကို အရောက် ဦးဆောင်ကြမှာလဲ ဆိုတာတွေကို ကြိုတင် စဉ်းစားထားကြဖို့ လိုပါတယ် “ လို့ ယာယီသမ္မတ က ထပ်မံပြောပါတယ်။

မကြာမီ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အချိန်ကိုလည်း ရောက်လာတော့မှာဖြစ်ပြီး ပင်လုံစာချုပ် ဆိုတာ ပေါင်းစည်းတာ စုစည်းတာ ညီညွတ်တာ ဆိုတဲ့ အနှစ်သာရတွေကို ပြသနေကာ မိမိတို့အားလုံးဟာ အတူတကွ ပေါင်းစည်းခဲ့ကြတယ်ဆိုတာကို သက်သေပြနေတယ်လို့လည်း သူကပြောပါတယ်။

“ အခုလည်း နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေး ပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ် ရှိနေတာကို တွေ့ရပါတယ်။ ခုခံတော်လှန်စစ်မှာ ခိုင်မာသော မဟာမိတ် ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကျွန်တော်တို့ အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ် ” လို့ သူကဆိုပါတယ်။

နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန် ရှုပ်ထွေးပြီး တိုင်းပြည် ထူထောင်ရေး ကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင် နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်အထိ ကြိုတင် မြော်မြင်ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီ သဘော ဖြစ်ပါတယ်။ ပဋိပက္ခအလွန် ကာလတွေမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ယူဆပါတယ်။” လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now