မြန်မာ့နွေဦး

အင်းလေးဒေသမှာ အဖမ်းခံရတဲ့ မိသားစု ၄ ဦးအနက် သားနဲ့သမီးဖြစ်သူ ပြန်လွတ်လာ

မဲခေါင် 1 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာမှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မိသားစု ၄ ဦးအနက် သားနဲ့သမီးဖြစ်သူတို့ မနေ့ ဩဂုတ်လ ၃၁ ရက်မှာ ပြန်လွတ်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာမှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မိသားစု ၄ ဦးအနက် သားနဲ့သမီးဖြစ်သူတို့ မနေ့ ဩဂုတ်လ ၃၁ ရက်မှာ ပြန်လွတ်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက မိသားစုလိုက် ဖမ်းဆီးသွားပြီးနောက် သားနဲ့သမီးဖြစ်သူကို ညောင်ရွှေ ရဲစခန်းက ပြန်လွှတ်ပေးခဲ့ ပေမယ့် မိဘဖြစ်သူ ၂ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ကလေးတွေတော့ မနေ့က လွတ်လာပြီ။ ညောင်ရွှေ ရဲစခန်းမှာ ဖမ်းထားတုန်းက ကလေးတွေ ရေဆာလည်း မပေးသောက်ဘူး။ အပေါ့အပါး သွားတာတောင် ခွင့်မပြုဘူး။ ကလေးတွေကိုလည်း ရဲတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆဲတယ်။ ကလေးတွေက ပြန်လွတ်လာပေမယ့် အခုထိ ကြောက်နေတုန်းပဲ။ မိဘတွေကိုတော့ အခုထိ ဘယ်မှာဖမ်းထားလဲ မသိရသေဘူး” လို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်ညက သပြေပင်ကျေးရွာနေ ကိုအောင်မျိုးဝင်း နဲ့ မမြအေး တို့မိသားစုကို စစ်ကောင်စီ စက်လှေ ၂ စီး၊ အင်အား ၁၀ ဦးကျော်နဲ့ လာရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးသွားပြီးနောက် မနေ့မှာက အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူနဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူတိုကို ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီမိသားစုကို လာရောက် ဖမ်းဆီးရာမှာ အင်းလေး ပျူစောထီးတွေ ပါဝင်တယ်လို့သိရပြီး စစ်ကောင်စီ အခုလို ဖမ်းဆီးတာဟာ ပျူစောထီးတွေက လမ်းပြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

“လာဖမ်းတဲ့အချိန်မှာကိုက အရပ်ဝတ်နဲ့ လက်နက်ကိုင်လာတဲ့ အင်းပျူစောထီးတွေပါတယ်။ မဖမ်းခင် နေ့ခင်း အချိန်မှာ ရွာခံ ပျူစောထီး အဖွဲ့ဝင် တစ်ယောက်က အရင် လာစုံစမ်းသေးတယ်” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၊ အင်းလေး ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေဟာ အင်းလေးဒေသမှာ ပြည်သူလူထုကို မတရား အနိုင်ကျင့်နေတာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာတယ်လို့ JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောဆိုထားပါတယ်။

CJ-002

#MeKongNews

#အင်းလေး

#ပျူစောထီး

#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now