မြန်မာ့နွေဦး

အင်းလေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF ရဲဘော် ၄ ဦးရဲ့ ဈာပနာ အခမ်းအနား ပြုလုပ်

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း ကျဆုံးသွားတဲ့ အင်းလေး PDF ရဲဘော် ၄ ဦးရဲ့ ဈာပနာ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အင်းလေးPDF –(1009 -တပ်ရင်း) က ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း ကျဆုံးသွားတဲ့ အင်းလေး PDF ရဲဘော် ၄ ဦးရဲ့ ဈာပနာ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အင်းလေးPDF –(1009 -တပ်ရင်း) က ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

အင်းလေးဒေသ၊ သန်းထောင်နဲ့ ဘုရားနီကျေးရွာ အနီးမှာ USSFU တပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNO ပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီလ ၃ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း ရှမ်းတောင်1009-တပ်ရင်းက တပ်ရင်းမှူး သခွားသီး၊ သင်တန်းမှူး အယ်ကျော်၊ တပ်စိတ်မှူး မြတ်သူတို့ ကျဆုံးခဲ့ပြီး ဇန်နဝါရီလ ၄ ရက်မှာ 1009-တပ်ရင်းမှ ရဲဘော်ကတုံးကို အင်းပျူစောထီးတွေက ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဘက်က ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိကာ လူအင်အား လက်နက်အင်အား မမျှတာကြောင့် စစ်ကူအဖြစ် လိုက်ပါလာတဲ့ တပ်ရင်း- ၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်-၂ ) က ရဲဘော်မိုးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

PNO နဲ့ အင်းပျူစောထီးတွေက ညောင်ရွှေ-အင်းလေးဒေသရှိ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေ ပြုလုပ်ကာ ဒေသခံတွေ အပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက် နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု-USSFU က အသိပေးထားပါတယ်။

PNO နဲ့ အင်းပျူစောထီးတွေ အနေနဲ့ စစ်ကောင်စီ အလိုကျ ပြည်သူလူထုရဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်‌ဆောင်မယ်ဆိုရင် စစ်ကောင်စီနဲ့ တန်းတူထားပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း USSFU က သတိပေးထားပါတယ်။

MK-008

#MeKongNews #IPDF #အင်းလေး #USSFU #PNO #ShanState #ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now