ဒေသတွင်းသတင်း

အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တယ်လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက်က ထုတ်ပြန်

မဲခေါင် 17 Jun - 2024
ရှမ်းပြည်တွင်း အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လဲ ကျူးလွန်တာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဲခေါင် ဇွန် ၁၇

ရှမ်းပြည်တွင်း အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လဲ ကျူးလွန်တာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်အတွင်း ကျူးလွန်သူမည်သူမည်ဝါမှန်းမသိဘဲ တရားခံမဖေါ်ထုတ်နိုင်တဲ့ အကြမ်းဖက်မှုတွေလဲရှိနေတယ်လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက်(TSCSO`N) က ဇွန် ၁၆ ရက်နေ့ နေ့စွဲနဲ့ ၁၇ ကြိမ်မြောက် ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အတွက် ထုတ်ပြန်လာတာပါ။

“ တရားခံမဖော်နိုင်သေးတဲ့ အကြမ်းဖက်မှုပေါင်း ၁၁% ရှိပါတယ်။ ကျန်တာတွေကတော့ စစ်ကောင်စီက အများဆုံးကျူးလွန်တာပါ။ ကျမတို့အနေနဲ့ တတ်နိုင်ရာက ဆက်ကြိုးစားသွားပါ့မယ်” လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် (The Shan Civil Society Organizatious Network)က ပြောရေးဆိုခွင့်ရှိသူ Nang Vanda က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်အတွင်း စစ်ဘေးရှောင် ၆၄၀၀၀ အထိရှိနေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှု ၇၃ % မှာ စစ်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၁၆ % ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကျူးလွန်တာဖြစ်ကာ ၁၁ % ကိုတော့ မည်သူမည်ဝါကျူးလွန်တယ်လို့ သတ်မှတ်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် (The Shan Civil Society Organizatious Network) မှာ ပြည်တွင်းပြည်ပ ရှမ်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်ပါဝင်ပြီး ရှမ်းပြည်အတွင်း အကြမ်းဖက်ဖက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စစ်တမ်းကောက်ယူပြီး မှတ်တမ်းပြုစုထားကာ တရားမျှတမှုရရှိဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ နောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေအတွင်း ရှမ်းပြည်ထဲမှာ လူ ၅ သောင်းကျော် သေဆုံးခဲ့ရပြီး ၅ ထောင်ကျော်ဟာ အရပ်သားပြည်သူတွေဖြစ်ပြီး အမျိုးသမီးနဲ့ကလေးတွေ ၁ ထောင်ကျော်ပါဝင်နေတယ်လို့ သိရပါတယ်။

ပြည်သူ့အိုးအိမ်ပေါင်း ၉ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်မှုထမ်းဥပဒေအရ ၁ သန်းခွဲသော လူငယ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ တိုင်းပြည်ရပ်ခြားနဲ့ ပြည်တွင်းစစ်ဘေးလွတ်နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တစ်ဝှမ်းက စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံနယ်စပ် IDPs စစ်ရှောင်စခန်းတွေဖြစ်တဲ့ ကုန်းကျော်၊ လွယ်ကော်ဝမ်း၊ လွယ်လမ်၊ လွယ်တိုင်းလျန်း၊ ကောင်းမှုမိန်းနဲ့ လွယ်ဆမ်ဆစ် စခန်း ၆ ခုမှာ ရှမ်းပြည်သူ အရပ်သား ၅ ထောင်ကျော် ရှိနေဆဲလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ် SSLRU အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ခွဲ (၂) အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ်ဖြစ်တဲ့ Southern Shan Local Revolution Union ၊ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့တပ်ခွဲ(၂)အခြေခံစစ်သင်တန်း(၁/၂၀၂၄) ဆင်းပွဲကို ဇွန်လ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါ်နန်းကြည်တောင်ကို TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီစခန်းကို TNLA နဲ့ ပူပေါင်း မိုးကုတ်ဗျူဟာတပ်ဖွဲ့က ဒီနေ့နေ့လည် ၂ နာရီကျော်မှာ သိမ်းပိုက်နိုင်လိုက်ပြီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မှော်ဘီ စစ်ဆေးရေးဂိတ်မှာ အစားအသောက်နဲ့ ဆေးဝါးတွေ သိမ်းဆည်းနေပြီး ဖယ်ခုံနဲ့ မိုးဗြဲအင်းထဲ စက်လှေတွေကို စစ်ကောင်စီက လိုက်လံပစ်ခတ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့အနီးက မှော်ဘီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဇွန်လနောက်ဆုံးပတ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင်တွေ သယ်ဆောင်လာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို သိမ်းဆည်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်နဲ့ပင်လောင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ထပ်ဆင့်စစ်ရှောင်တွေ စားဝတ်နေရေး ခက်ခဲလာ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထပ်ဆင့်စစ်ဘေးရှောင်ရသူတွေအတွက် စားဝတ်နေရေးနဲ့ ငွေရေးကြေးရေး အခက်အခဲတွေ့ကြုံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးများကို တအာင်းတပ်ဖွဲ့(TNLA) သိမ်းပိုက်ပြီး

ရှမ်းမြောက် ကျောက်မဲမြို့ကို ယနေ့နေ့လည် ၂ နာရီထိ ရရှိခဲ့တဲ့ မြေပြင်သတင်းအရ ကျောက်မဲရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို TNLA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်တွေက စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို TNLA သိမ်းပိုက်ထား

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က မနေ့ ဇွန် ၂၅ ရက်နေ့နဲ့ ဒီနေ့ ဇွန် ၂၆ ရက်နေ့ ၂ ရက်တာအတွင်း ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအစပ်တွေရှိ စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုမြို့တွင်းကို TNLA တပ်တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေက မြို့ပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်

ရှမ်းမြောက်၊ နောင်ချိုမြို့ကို ယနေ့ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရTNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

UWSA “ ဝ” တပ်ဖွဲ့ နဲ့ SSPP ရှမ်းတပ်ဖွဲ့ကို ကျပ်သိန်း ၆ ထောင်နဲ့လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ စစ်ကောင်စီနဲ့ PNAတောင်းဆို

ရှမ်းပြည်တောင်ပိုင်းရှိ တောင်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီနဲ့ PNA က သိန်း ၆ ထောင် လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP/ SSA)နဲ့ ဝပြည်သွေးစည်းရေး တပ်မတော် (UWSA)တို့ကို တောင်းဆိုခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now