မြန်မာ့နွေဦး

သီပေါမှာ ဆည်ကြီး ၃ခုတည်ဆောက်နေတာကြောင့် ကျေးရွာအုပ်စု ၁၁စု ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရ

မဲခေါင် 29 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လက်ရှိကာလအတွင်း ဆည်ကြီး ၃ ခု တည်ဆောက်နေတာကြောင့် ကျေးရွာအုပ်စု ၁၁ စု ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လက်ရှိကာလအတွင်း ဆည်ကြီး ၃ ခု တည်ဆောက်နေတာကြောင့် ကျေးရွာအုပ်စု ၁၁ စု ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဆည်ကြီးသုံးခုရဲ့ ဝိုင်းရံခြင်းခံရမယ့် သီပေါမြို့နယ်အနေနဲ့ မြစ်ရေမျက်နာပြင်မြင့်တက်တာ၊ မြစ်ကြောင်းတလျောက် သီးနှံစိုက်ခင်းတွေ ရေလွမ်းမိုးတာနဲ့ မြေပေါ်မြေအောက် သံယံဇာတ များစွာဆုံးရှုံးရနိုင်သလို ကျေးရွာအုပ်စု ၁၁ စုက ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“ နမ္မတူမြစ်ပေါ်မှာ ဆည်တစ်ခု၊ နမ္မမြစ်ပေါ်မှာ ဆည်တစ်ခု၊ ဒုဌဝတီမြစ်ပေါ်မှာ ဆည်တစ်ခုဆိုပြီး ဆည်ကြီး ၃ခုဆောက်နေတယ်။ အဲဒီဆည်တွေပြီးသွားရင် ကျေးရွာအုပ်စု ၁၁စုက ရေမြုပ်မယ့်ဘေးကြုံရဖို့ သေချာသလောက်ရှိနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နမ္မတူမြစ်ပေါ်၊ သီပေါမြို့နယ်၊ မိုးတေ ကျေးရွာအနီးမှာ ဆည်တစ်ခု တည်ဆောက်နေတာဖြစ်ပြီး နမ္မမြစ်ပေါ်၊ သီပေါမြို့နယ်၊ စဉ့်အင်ကျေးရွာ အနီးမှ ဆည်တစ်ခု တည်ဆောက်နေသလို ဒုဌဝတီမြစ်ပေါ်၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးမှာ ဆည်ကြီးတစ်ခု တည်ဆောက်နေတယ်လို့ သိရပါတယ်။

အဲဒီဆည်ကြီး ၃ ခု ကနေ လျှစ်စစ်ဓါတ်အားထုတ်ယူမှာဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်း‌ဒေသကြီးရှိ မြို့ကြီးတွေမှာ မီးလင်းနိုင်စေဖို့ဖြစ်ပေမယ့် ရှမ်းပြည်နယ်အတွင်း မီးလင်းဖို့မဟုတ်ဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေအားလျှပ်စစ်ထုတ်ယူရေး စီမံကိန်းတွေကို အင်တိုက်အားတိုက် တိုးချဲ့လာပြီး အခုအခါ ဒုဌဝတီမြစ်ကြောင်းတစ်လျောက် ကျေးရွာတွေဖြစ်တဲ့ ဘော်ကြို၊ ကျင်တီ၊ လောဝ်ခွန်စတဲ့ကျေးရွာတွေမှာ ‌ဆည်ကြီးကြောင့် ရေမျက်နာပြင်မြင့်တက်မှုဒဏ်ကို ခံစားရတယ်လို့လည်း သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now