မြန်မာ့နွေဦး

သိန္နီ-ချင်းရွှေဟော် လမ်းမပေါ်မှာ တိုက်ပွဲဖြစ်ပြီး ကုန်တင်ကား အစီး ၂၀၀ ကျော် ပိတ်မိနေ

မဲခေါင် 9 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ အနီး၊ သိန္နီ-ချင်းရွှေဟော် လမ်းမပေါ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်- KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ အနီး၊ သိန္နီ-ချင်းရွှေဟော် လမ်းမပေါ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်- KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုလ ၇ ရက်နေ့က ကိုးကန့်ဒေသ ချင်းရွှေဟော် သွားလမ်းမှာ KIA က ၁၂ ဘီးကား ၃ စီး အသုံးပြုကာ ကားလမ်းကို ကန့်လန့်ဖြတ် ပိတ်ဆို့ အခွန်ကောက်နေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မှာတော့ KIA က သွားခွင့်မပြုသေးလို့ ချင်းရွှေဟော်ဘက် သွားမယ့် သွင်းကုန်၊ ပို့ကုန် ၁၂ ဘီးကား အစီး ၂၀၀ ဝန်းကျင် ကားလမ်းမကြီးမှာ ပိတ်မိနေတယ်လို့ ကားသမား တစ်ဦးက ဆိုပါတယ်။

“ ကားသေးတွေတော့ KIA က သွားခွင့်ပြုတယ်။ သူတို့က ကား‌ကြီးနဲ့ ပိတ်ထားတော့ အကုန်လုံးက အခက်တွေ့နေပြီလေ။ သူတို့နေတဲ့ နေရာနဲ့ စစ်ကောင်စီတပ်နဲ့ အရမ်းနီးတယ်။ စစ်တပ်လည်း အင်အားတွေ ဖြည့်တာတွေ့တယ်” လို့ ပိတ်မိနေတဲ့ ကုန်တင် ကားသမားက ရှင်းပြပါတယ်။

သန္နီမြို့မှ ၁၀ မိုင်ခန့်‌ ကွာဝေးတဲ့ ကွန်ကောက်ရွာမှာ KIA က ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က‌နေ ဒီနေ့အထိ ၁၂ ဘီးကားတွေကို ကန့်လန့်ဖြတ်ရပ်ကာ လမ်းပိတ်ဆို့ အခွန်‌ကောက်နေတယ်လို့ ကွန်ကောက်ရွာခံတွေက ပြောပါတယ်။

“ အခုထိ ကားကြီးတွေလည်း သွားလို့ မရ‌သေးဘူး။ KIA လည်း ရွာထဲမှာလည်းရှိ၊ ကားလမ်းမှာလည်း အပြည့်ပဲ။ ကားကြီးတွေက သူတို့တောင်းတဲ့ အခွန် မပေးလို့ ပိတ်ထားတာလို့ ကြားတယ်” လို့ ကွန်ကောက်ရွာခံ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကွန်ကောက်၊ တန့်ဆည်၊ နောင်မောင်း၊ တန့်ခန်ရွာနဲ့ ပိန်းဟုန်းကျေးရွာခံ တစ်ထောင်ကျော် နီးစပ်ရာနဲ့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲ ဖြစ်ပွားစဥ် ကွန်ကောက်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၅ လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ KIA က ညဘက်ဆို ရွာထဲ မဝင်ခိုင်းဘူး။ ဝင်တဲ့သူတွေလည်း ပြန်မထွက်ခိုင်းတော့ဘူး။ တစ်ချို့ ဘုန်းကြီးကျောင်းမှာ ရှောင်ကြတယ်။ ဒီမနက်လည်း စစ်တပ်က လက်နက်ကြီးတွေ ထုနေတယ်” လို့ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသား တစ်ဦးက ဆိုပါတယ်။

သိန္နီ-ချင်းရွှေဟော်လမ်းဟာ တရုတ်နိုင်ငံ၊ မိန်းတိန်လမ်းပိုင်း အထိ ဆက်သွယ်ထားပြီး မြေပဲ၊ ကြံ၊ ကျောက်မီးသွေး၊ လျှစ်စစ်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းတွေ ကုန်သွယ်ရာ လမ်းကြောင်း ဖြစ်ပါတယ်။

CJ-014

#MeKongNews

#သိန္နီမြို့နယ်

#KIA

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now