မြန်မာ့နွေဦး

သားဖြစ်သူ CDM စစ်သားကို ဖမ်းမမိလို့ အကြော်ရောင်းနေတဲ့ ဖခင်ဖြစ်သူကို စစ်တပ်က ရိုက်နှက်ဖမ်းသွား

မဲခေါင် 3 May - 2023
မဲခေါင်၊ ဧပြီ ၃ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သလ္လာဝတီ ဓမ္မာရုံလမ်း၊ အမက (၃၁) ကျောင်းရှေ့ အကြော်ရောင်းနေတဲ့ သက်ကြီး အမျိုးသားကို စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သလ္လာဝတီ ဓမ္မာရုံလမ်း၊ အမက (၃၁) ကျောင်းရှေ့ အကြော်ရောင်းနေတဲ့ သက်ကြီး အမျိုးသားကို စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မေလ ၁ ရက်နေ့၊ ည ၈ နာရီကျော် ဝန်းကျင်က အကြော် ရောင်းနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို စစ်တပ်က ကားများနဲ့လာရာက် ရိုက်နှက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“ အဘိုး အရွယ်လောက် ရှိနေပါပြီ။ သူ့ဘာသာ အကြော်ရောင်းပြီး နေတာ ကြာပါပြီ။ သူ့သားက စစ်သားလို့တော့ ကြားတယ်။ စစ်တပ်ကနေ ထွက်ပြေးပြီး CDM လုပ်နေလို့ လိုက်ရှာနေကြတာ။ သူ့သားကို ဖမ်းမမိလို့ သူ့အဖေကို ရိုက်ပြီး လာဖမ်းကြတာ။ လူတွေကတော့ ဒေါသဖြစ်ပေမယ့် ဒီအတိုင်း ကြည့်နေရတာ” လို့ သူကပြောပါတယ်။

သာကေတမြို့နယ်အတွင်း စစ်ကောင်စီက နေ့စဉ် လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ ပြည်သူတွေကို စောင့်ကြည့်နေ သလို ပစ်ခတ်မှု ဖြစ်ပွားတဲ့ ရပ်ကွက်တွေ အတွင်း ဧည့်စာရင်း အကြောင်းပြ ဝင်ရောက် စစ်ဆေးမှုတွေ ရှိနေပြီး သန်လျင် တံတားပေါ်မှာ ပိတ်ဆို့ စစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

#MeKongNews

#သာကေတမြို့နယ်

#CDM

#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ်
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now